International News

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ ကုန်ပစ္စည်းအချို့အပေါ် ထပ်ဆောင်းအခွန်စည်းကြပ်

Last Updated:

တရုတ်နိုင်ငံသည် အမေရိကန်မှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ထပ်ဆောင်းအခွန် (၁၀) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းအထိ တိုးမြှင့်စည်းကြပ်မည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ကော်မရှင်က ၄-၃-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

Fentanyl နှင့်ပတ်သက်၍ စိုးရိမ်သဖြင့် တရုတ်နိုင်ငံမှ ပို့ကုန်အားလုံးအပေါ် ထပ်ဆောင်း အခွန် (၁၀)ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ၃-၃-၂၀၂၅ ရက် နေ့တွင် ကြေညာခဲ့ပြီးနောက် တရုတ်ဘက်မှ ယခုကဲ့သို့ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ် ကြောင်း သိရှိရပါသည်။

နိုင်ငံတော်ကောင်စီ၊ အကောက်ခွန်ကော်မရှင်၏ ကြေညာချက်အရ တရုတ်နိုင်ငံသည် အမေရိကန်မှ ကြက်သား၊ ဂျုံ၊ ပြောင်းနှင့် ဝါဂွမ်း တင်သွင်းမှုအပေါ် မတ်လ(၁၀)ရက် နေ့မှစ၍ ထပ်ဆောင်းအခွန် (၁၅)ရာခိုင်နှုန်း စည်းကြပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် တစ်နေ့တည်းမှာပင် အမေရိကန်မှ sorghum၊ ပဲပုပ်၊ ဝက်သား၊ အမဲသား၊ ပင်လယ်စာ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် နို့ထွက်ပစ္စည်းများကို ထပ်ဆောင်းအခွန် (၁၀) ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

အမေရိကန်နိုင်ငံမှ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀)ရက်မတိုင်မီ ထွက်ခွာခဲ့သည့် ကုန်ပစ္စည်း များနှင့် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့မှ ဧပြီလ(၁၂)ရက်နေ့အတွင်း တင်သွင်းသည့် အမေရိကန်ကုန်ပစ္စည်းများသည် အထက်ပါကြေညာချက်အရ သတ်မှတ်ထားသည့် ထပ်ဆောင်း အခွန်များ ပေးဆောင်ရမည်မဟုတ်သေးကြောင်း ကော်မရှင်က ရှင်းလင်းပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။

Source: https://www.chinadaily.com.cn/a/202503/04/WS67c6a059a310c240449d8803.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News