International News

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ သစ်သီးဝလံနှင့် အစေ့အဆန်များအပေါ် ထပ်ဆောင်းအခွန် (၁၀) ရာခိုင်နှုန်းစည်းကြပ်မည်

Last Updated:

၂၀၂၅ ခုနှစ်၊ မတ်လ(၄)ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီ၏ အကောက်ခွန် ကော်မ ရှင်သည် အမေရိကန်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းအချို့အပေါ် ထပ်ဆောင်း အကောက်ခွန် များကို ထုတ်ပြန်ကြေငြာခဲ့ကြောင်း၊ အဆိုပါအသိပေးကြေညာချက်အရ အကောက်ခွန်မူဝါဒသစ် သည် တရုတ်နိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းများနှင့် နိုင်ငံတကာဥပဒေ၊ အခြေခံမူများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့မှ စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဤကြေညာချက်သည် ကြက်သား၊ ဂျုံ၊ ပြောင်းနှင့် ဝါဂွမ်းစသည့် အမေရိကန်ထုတ်ကုန် များအပေါ် ထပ်ဆောင်းအခွန် (၁၅)ရာခိုင်နှုန်းနှင့် sorghum ၊ ပဲပိစပ်၊ ဝက်သား၊ အမဲသား၊ ပင်လယ်စာ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် နို့ထွက်ပစ္စည်းများ အပါအဝင် အမေရိကန် ထုတ်ကုန်များအပေါ် ထပ်ဆောင်းအခွန် (၁၀)ရာခိုင်နှုန်း စည်းကြပ်မည်ဖြစ်ကြောင်း သိရှိရပါ သည်။

ထပ်ဆောင်းအခွန်စည်းကြပ်မှုသည် အမေရိကန်မှ စိုက်ပျိုးရေးထွက်ကုန်များအပေါ် အဓိကထားကြောင်း၊ တရုတ်နိုင်ငံသည် အမေရိကန်လယ်ယာထွက်ကုန်များအတွက် အကြီးဆုံး ပြည်ပဈေးကွက်ဖြစ်ပြီး အမေရိကန်လယ်ယာထွက်ကုန်စုစုပေါင်း၏ ငါးပုံတစ်ပုံနီးပါးရှိကြောင်း၊ တရုတ်အကောက်ခွန်ဌာန၏ အချက်အလက်များအရ အမေရိကန်သည် ၂၀၂၄ ခုနှစ်တွင် တရုတ် နိုင်ငံ၏ ဒုတိယအကြီးဆုံး လယ်ယာထွက်ကုန် တင်သွင်းသူဖြစ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂၇.၅၃)ဘီလီယံဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ တင်သွင်းရန် ခွင့်ပြုထားသော အမေရိကန်မှ သစ်သီးများမှာ ဇီးသီး၊ ချယ်ရီသီး၊ စားပွဲတင်စပျစ်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ စတော်ဘယ်ရီ၊ မက်မွန်(nectarines) ၊ ထောပတ်သီးနှင့် ဘလူးဘယ်ရီသီးတို့ဖြစ်ပြီး အဆိုပါသစ်သီးများအပေါ် အကောက်ခွန်(၁၀)ရာခိုင်နှုန်း ထပ်ဆောင်းကောက်ခံမည်ဖြစ်ကြောင်း၊ အဆိုပါထပ်ဆောင်း အကောက်ခွန်နှုန်းသည် pecans၊ ဗာဒံစေ့များ၊ ဘရာဇီးအခွံမာသီးများ၊ walnuts၊ pistachios၊ မက္ကဒေးမီးယားအစေ့၊ hazelnuts နှင့် မြေပဲများကဲ့သို့သော အခွံမာသီးအမျိုးမျိုးကိုလည်း အကျုံးဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ အခွန်စည်းကြပ်မှုများအပြင် တရုတ်နိုင်ငံသည် အမေရိကန်ကုမ္ပဏီအချို့ကို ပို့ကုန်ထိန်းချုပ်ခြင်းနှင့် အမည်ပျက်စာရင်းတွင် ထားရှိခြင်း၊ အမေရိကန်မှ ကုန်ပစ္စည်းများကို သီးသန့်စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တိုင်ကြားစာ များတင်ခြင်းအပါအဝင် အမေရိကန်ကုမ္ပဏီများကို ပစ်မှတ်ထားသည့် နောက်ထပ်လုပ်ဆောင် ချက်များကို အကောင်အထည်ဖော်ခဲ့ကြောင်းလည်း သိရှိရပါသည်။

အဆိုပါလုပ်ဆောင်ချက်များသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေး တင်းမာမှုများ ဆက်လက်မြင့်တက်လာခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်နိုင်ငံစလုံးသည် ကမ္ဘာ့ကုန်သွယ်မှုအတွက် ကြီးမားသော အကျိုးဆက်များ ရှိနိုင်သည့် အစီအမံများကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်ရေးတင်းမာမှုများကြောင့် အကောက် ခွန်တိုးမြှင့်သတ်မှတ်ခြင်းများကို အပြန်အလှန်ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်မှ လယ်ယာထွက်ကုန်များအပေါ် အကောက်ခွန်တိုးမြှင့်သတ်မှတ်ခြင်းအပြင် သွင်းကုန်ဈေးကွက်ဖြန့်ကျက်သည့်အနေဖြင့် လယ်ယာထွက်ကုန်များကို အခြားနိုင်ငံများမှ တင်သွင်းမှုများ ပိုမိုဆောင်ရွက်လာနိုင်ခြင်းတို့ကြောင့် မြန်မာနိုင်ငံမှ ပြောင်း၊ ဝါဂွမ်း၊ ပဲပုပ်များ တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်မည့်အလားအလာများရှိပါကြောင်း လေ့လာသုံးသပ်တွေ့ရှိရ ပါသည်။

Source: https://www.producereport.com/article/china-imposes-10-percent-additional-tariff-us-fruits-nuts

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News