International News

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဓါတ်ဆီနှင့် ဒီဇယ်ဆီများ၏ တင်သွင်းခွန်များလျှော့ချ

Last Updated:

ဓါတ်ဆီတင်သွင်းမှု အခြေခံကုန်ကျစရိတ် တစ်ဂါလံလျှင် ဗီယက်နမ်ဒေါင် ၃၀ သို့ တိုးမြှင့်ချိန်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနက ဓါတ်ဆီတင်သွင်းခွန်ကို ၅.၆၂ % သို့ လျှော့ချကြောင်း ကြေညာခဲ့သည်။

ခုကဲ့သို့ တင်သွင်းခွန်နှင့် ပတ်သက်သည့် ပြောင်းလဲမှုများကို စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန(MOIT)သို့ တင်ပြခဲ့သည့် ဓါတ်ဆီအခြေခံဈေးနှုန်း တွက်ချက်မှုပုံသေနည်းများတွင် ဖော်ပြထားခြင်းဖြစ်ပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနက ဓါတ်ဆီတင်သွင်းခွန်ကို ၅.၆၂ % လျှော့ချခဲ့ပြီး ဒီဇယ်ကို ၀.၉၈ % နှင့် အရည်အသွေးနိမ့်ဓါတ်ဆီကို ၁.၃၈ % အသီးသီးလျှော့ချခဲ့ပါသည်။ ရေနံဆီတင်သွင်းမှုကိုမူ ပြောင်းလဲခြင်းမရှိခဲ့ပေ။

အဆိုပါဖြတ်တောက်မှုများသည် ၂၀၂၃ ခုနှစ် ဒုတိယလေးလပတ်အတွင်း ဓါတ်ဆီကုန်သည်များမှ တင်သွင်းခဲ့သော ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီနှင့် အရည်အသွေးနိမ့်ဆီတို့ အချိုးပေါ်တွင် အခြေခံထားကြောင်းသိရှိရပါသည်။

ယခင်က ဓါတ်ဆီတင်သွင်းမှုကို ၁၀ % ကောက်ခံခဲ့သော်လည်း ယခုကဲ့သို့အခွန်လျှော့ချခြင်း သည် မကြာမီကာလအတွင်း ဓါတ်ဆီဈေးနှုန်းများကျဆင်းရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 ဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၂ ခုနှစ် စတုတ္ထလေးလပတ်မှ ယခုနှစ် ဒုတိယ လေးလပတ်အထိ ရေနံဆီများတင်သွင်းခဲ့ခြင်းမရှိပေ။ ရေနံဆီရောင်းချမှု နည်းပါးခြင်းကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ MOIT သို့ ရေနံဆီဈေးနှုန်းများ ပြန်လည်သုံးသပ်ရန်နှင့် ရေနံဆီဈေးနှုန်းများကို စည်းမျဉ်းများအတိုင်း တွက်ချက်ရန် တောင်းဆိုခဲ့သည်။

ဓါတ်ဆီတင်သွင်းရာတွင် အချို့သောအခြေခံစံအဖြစ် သတ်မှတ်ထားသည့် စံနှုန်းအချိုးကို ပြောင်းလဲခဲ့သည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် Mazut ဆီ ကုန်ကျစရိတ် ၁ ကီလိုဂရမ် ၃၆၀ ဒေါင်အား ၁၈၄ သို့ လျှော့ချခဲ့ပြီး ဓါတ်ဆီ ၁ လီတာ ၁၀၈၀ ဒေါင် အား ၃၀ ဒေါင်တိုးမြှင့်ခဲ့ပြီးနှင့် ဒီဇယ် ၁ လီတာ ၁၀၃၀ ဒေါင်အား ၃၀ ဒေါင် အသီးသီး တိုးမြှင့်ခဲ့ကြောင်းသိရှိရပါသည်။

Source : Vietnam +

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News