International News

ထိုင်းနိုင်ငံ၏ အဓိကဈေးဝယ်စင်တာများသို့ ဗီယက်နမ်လိုက်ချီး(Lychees)များရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံမှ လိုက်ချီးသီး (Lychees) များသည် လွန်ခဲ့သောနှစ်အနည်းငယ်ကတည်းက ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သော်လည်း အဆိုပါလိုက်ချီးသီး (Lychees) များကို ထိုင်းနိုင်ငံတွင်းရှိ စူပါမားကတ်ဆိုင်ကြီးများတွင် ပထမဦးဆုံးအကြိမ် ရောင်းချရခြင်းဖြစ်ပါသည်။

Vifoco ၏ ဥက္ကဋ္ဌဖြစ်သူ ငုယင်ဆွမ်ဗီယက်က ယခုလို ထိုင်းနိုင်ငံမှ စားသုံးသူများထံ လိုက်ချီးသီး (Lychees) လတ်လတ်ဆတ်ဆတ်များ တင်ပို့ပေးနိုင်သည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် လာမည့်နှစ်တွင် ၁၀၀၀ တန်မှ ၂၀၀၀ တန်ခန့်ထိ တင်ပို့ရန် မျှော်မှန်းထားကြောင်း၊ Siam Paragon shopping mall တွင် ဗီယက်နမ် လိုက်ချီးသီး (Lychees) များသည် ဈေးဝယ်သူများ အာရုံကိုဆွဲဆောင်နိုင်ကြောင်း၊ Distributer တစ်ဦးဖြစ်သူ EKthai ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Somkirt Wongsa kulchai က ၎င်းကုမ္ပဏီအနေဖြင့် လာမည့်နှစ်တွင် ဆိုင်ခွဲများသို့ပါတိုးချဲ့ဖြန့်ချိသွားမည်ဖြစ်ကြောင်း၊ လိုက်ချီး(Lychees) ကို ဗီယက်နမ်မြောက်ပိုင်းတွင် စိုက်ပျိုးကြပြီး Bac Giang ဒေသသည် လိုက်ချီး(Lychees) စိုက်ပျိုးရာဒေသအဖြစ် ထင်ရှားပါကြောင်း၊ အဆိုပါဒေသတွင် ၂၀၂၂ ခုနှစ်တွင် လိုက်ချီး(Lychees) တန်ချိန် ၁၉၉၅၀၀ တန် ထွက်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၄၀ သန်းကျော် ရရှိခဲ့ကြောင်း၊ Bac Giang လိုက်ချီး(Lychees)၏ Brandနှင့် တန်ဖိုးကို ကမ္ဘာတဝှမ်းရှိနိုင်ငံများက အသိအမှတ်ပြုခဲ့ပြီး တန်ချိန် ၇၅,၀၀၀ ကျော် တင်ပို့ရောင်းချခဲ့ရကြောင်းနှင့် စုစုပေါင်းရောင်းချမှု၏ ၃၈ % ထိ ရှိကြောင်းသိရှိရသည်။

Source : VN Express

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News