International News

ဂျပန်ရင်းနှီးမြှုပ်နှံသူများက ထိုင်း Tech Startup လုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိ

Last Updated:

ဂျပန်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများက ထိုင်း Tech Startup လုပ်ငန်းများကို အထောက်အပံ့ပေးခြင်းဖြင့် ဒေသတွင်းတွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်ရန် စိတ်ဝင်စားလျက်ရှိကြောင်း Ayudhya (Krungsri) ဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ Mr. Bunsei Okubo က ပြောကြား ခဲ့ပါသည်။

ဂျပန်ရင်းနှီးမြှုပ်နှံသူများက အရှေ့တောင်အာရှနှင့် ထိုင်းနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုအတွက် အဓိကဦးတည်ရာအဖြစ် သတ်မှတ်ထားပါကြောင်း၊ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်း Tech Startup လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသွားရန်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရှိ Tech Startup လုပ်ငန်းသည် စင်ကာပူနိုင်ငံထက် နည်းနေသေးပါကြောင်း ယင်းက ဆက်လက်ပြောကြားပါသည်။

ပြီးခဲ့သည့် သီတင်းတစ်ပတ်က ထိုင်းနိုင်ငံ၏ ဘဏ်လုပ်ငန်းတွင် ပဥ္စမမြောက်အကြီးဆုံး ဖြစ် သော Krungsri ဘဏ်က ဦးစီး၍ အစိုးရအဖွဲ့အစည်းများနှင့် Thai-Japanese- ASEAN Alliance Network မှ စီးပွားရေးအဖွဲ့အစည်းများကို ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် အာဆီယံ အလွန်တွင် စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်ရန်အတွက် Japan-ASEAN Startup Business Matching Fair 2023 ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ယင်းပြပွဲသို့ ထိုင်း Startup လုပ်ငန်း ၁၈ ခုအပါအဝင် Startup လုပ်ငန်း ၆၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြပြီး အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် ဂျပန်-ထိုင်း သဘောတူညီချက်များ အပါအဝင် နောင် ၃ နှစ်တာကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော်နိုင်မည့် လုပ်ငန်း ၁၀ ခုကို ချိတ်ဆက်ပေးနိုင်ခဲ့ကြောင်း၊ Krungsri ဘဏ်အနေဖြင့်လည်း လုပ်ငန်းများ လည်ပတ်နိုင်ရန် Venture-Capital ပုံစံ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာငွေ ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ Mitsubishi UFJ Financial Group (MUFG) နှင့် ပူးပေါင်း၍ ဗီယက်နမ်နှင့် အင်ဒိုနီးရှား တို့ရှိ  Fintech ဦးစားပေး Tech Startup လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှုများ ရှာဖွေသွားမည် ဖြစ်ကြောင်း Mr. Okubo က ဖြည့်စွက်ပြောကြားပါသည်။

 

 

Source: www.bangkokpost.gov   

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News