International News

ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းလေယာဉ်လက်မှတ်ဈေးနှုန်းများကို တိုးမြှင့်သတ်မှတ်

Last Updated:

ဗီယက်နမ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနသည် ပြည်တွင်းလေကြောင်းပျံသန်းမှု ကီလို ၅၀၀ ကျော်အတွက် အမြင့်ဆုံးဈေးနှုန်းများကို ၂၀၂၄ ခုနှစ် မတ်လမှစတင်ကာ ၂.၂၇-၆.၆၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း VN Economy အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အသစ်အရ လေယာဉ်လက်မှတ်ဈေးနှုန်းသည် ကီလိုမီတာ ၅၀၀ မှ ၈၅၀ ကြား ပျံသန်းမှုများအတွက် လက်မှတ်တစ်စောင်လျှင် VND ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂.၀၈) မှ VND ၂.၂၅ သန်း (အမေရိကန်ဒေါ်လာ ၉၃) သို့ မြင့်တက်လာမည်ဖြစ်သည်။

ကီလိုမီတာ ၈၅၀ မှ ၁,၀၀၀ ကြား ပျံသန်းမှုများအတွက် အမြင့်ဆုံးစျေးနှုန်းသည် VND ၁၀၀,၀၀၀  (အမေရိကန်ဒေါ်လာ ၄.၁၆) မှ VND ၂.၈၉ million (အမေရိကန်ဒေါ်လာ ၁၂၀) သို့လည်းကောင်း၊ ကီလိုမီတာ ၁,၀၀၀ - ၁၂၈၀ ကြားနှင့် ၁၂၈၀ အထက် ပျံသန်းမှုများအတွက် အမြင့်ဆုံးစျေးနှုန်းသည် VND ၃.၄ သန်း (အမေရိကန်ဒေါ်လာ ၁၄၂ ) နှင့် VND ၄ သန်း (အမေရိကန် ဒေါ်လာ ၁၆၆ ) အသီးသီး မြင့်တက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဝန်ကြီးဌာန၏ အဆိုအရ အဆိုပါပြောင်းလဲမှုများသည် ကုန်ကျစရိတ်များ၊ စျေးကွက်အခြေအနေနှင့် အခြားဆက်စပ်အချက်များအပေါ် အခြေခံ၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: VN Economy

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News