International News

ဖိလစ်ပိုင်နိုင်ငံ၏ စက်မှုကဏ္ဍမြှင့်တင်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်သူများမှ ပံ့ပိုးပေးလျက်ရှိ

Last Updated:

သမ္မတမားကို့စ်လက်ထက်တွင် ထုတ်လုပ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတို့ကို ယခင်ထက်ပိုမိုဖိတ်ခေါ်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ၏စက်မှုကဏ္ဍရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်းကဲ့သို့သော တန်ဖိုးမြင့်ကုန်ထုတ်လုပ်မှု ဆိုင်ရာရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်နိုင်ခဲ့ပါကြောင်း၊ ထုတ်လုပ်သူများနှင့် ရင်းနှီးမြှုပ်နှံသူများအနေ ဖြင့် Luzon ဒေသ၏အပြင်ဘက်အထိ လုပ်ငန်းချဲ့ထွင်ဆောင်ရွက်သင့်ပြီး ကုန်ပစ္စည်းသိုလှောင်ရုံများ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သင့်ပါကြောင်း၊ အမေရိကန် နှင့်အခြား ကမ္ဘာလုံးဆိုင်ရာ ကုန် ထုတ်လုပ်သူများမှတရုတ်နိုင်ငံအပြင်အခြာနိုင်ငံများတွင်လည်း ထုတ်လုပ်မှုတိုးမြှင့်ဆောင်ရွက်နေခြင်းက ဖိလစ်ပိုင်နိုင်ငံ၏ စက်မှုကဏ္ဍချဲ့ထွင်ခြင်းအပေါ် အထောက် အကူပြုစေနိုင်ပါသည်။

အနောက်နိုင်ငံများ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းကဏ္ဍအား ဖြန့်ကျက် ဆောင်ရွက်ရန် ရည်ရွယ်ပြီး အမေရိကန်နိုင်ငံက ပြဋ္ဌာန်းခဲ့သည့် CHIPS ACT of 2022 ပါ အစီအစဉ် အောက်မှ အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော နိုင်ငံများတွင် ဖိလစ်ပိုင်နိုင်ငံလည်း ပါဝင်ပါကြောင်း၊ သမ္မတဂျိုးဘိုက်ဒမ်သည် CHIPS ACT of 2022 အား လက်မှတ်ရေးထိုးခဲ့ပြီး ပြည်တွင်းတွင် ထုတ်လုပ်မှုတိုးမြှင့်ရန် သာမက သုတေသနလုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်ပါကြောင်း၊ ထိုအတွက်ဘတ်ဂျက်အမေရိကန် ဒေါ်လာသန်း ၅၀၀ ချထားပေးခဲ့ပြီး နိုင်ငံတကာတွင် ဈေးကွက်ဖြန့်ကျက်သွားရန် ဖြစ်ပါသည်။

အမေရိကန်နိုင်ငံရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သူများသည် ဖိလစ်ပိုင်နိုင်ငံတွင် ၎င်းတို့၏ လုပ်ငန်းချဲ့ထွင်သွားနိုင်ရေး စဉ်းစားဆောင်ရွက်လျက်ရှိပြီး လတ်တလောတွင် Murata လုပ်ငန်းစုမှ First Philippines Industrial Park (FPIP) တွင် စက်ရုံသစ်တည်ဆောက်၍ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားကြောင်း ဖော်ပြထားပါသည်။

သမ္မတမားကို့စ်၏ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက သွားရောက်ခဲ့သည့် အမေရိကန်ခရီးစဉ်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာသန်း ၂၅၀ အား  ကတိကဝတ်ရရှိခဲ့ပါကြောင်း၊ အဆိုပါအခွင့်အလမ်းအား အသုံးချလျှက် နောက်လာမည့် တစ်နှစ်မှနှစ်နှစ်အတွင်းထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးဆောင်ရွက်သွားရန်၊ အထူးသဖြင့်Luzonတောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် လုပ်ငန်းချဲ့ထွင်သွားစေလိုကြောင်း ဈေးကွက်သုတေသီမှ အကြံပြုပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်ကြား ၁၂၀ ဟက်တာရှိစက်မှုဇုန်အသစ်များလည်း နှစ်စဉ်ဖော်ထုတ်သွားနိုင်ရန် မျှော်မှန်းထားကြောင်းလည်း ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုပစ္စည်းများတင်ပို့မှုသည် ၂၀၂၃ ခုနှစ်၊ ပထမ (၆) လပတ် ကာလအတွင်း စုစုပေါင်းတင်ပို့မှု၏ ၈၀.၅%ဖြင့်အမေရိကန်ဒေါ်လာ၂၈.၁၂ ဘီလီယံထိရရှိခဲ့ပါကြောင်း၊ ထို့ပြင် အလားတူကာလတွင်ပင် ကုန်ပစ္စည်းအမယ်အုပ်စုတွင် လျှပ်စစ်ပစ္စည်းများထုတ်လုပ်တင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှု၏ ၅၅.၃% ဖြင့် အမေရိကန်ဒေါ်လာ ၁၉.၃၁ ဘီလီယံရရှိခဲ့ကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့မှထုတ်ပြန်သည့်စာရင်းများအရသိရှိရပြီး ဖိလစ်ပိုင်နိုင်ငံ၏ပို့ကုန်ကုန်သွယ် ဖက် ထိပ်တန်း (၅) နိုင်ငံမှာ တရုတ်၊ အမေရိကန်၊ ဂျပန်၊ ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံတို့ ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

 

 

Source; https://www.philstar.com/business/2024/02/14/2333109/global-manufacturers-support-expansion-philippines-industrial-sector

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News