International News

ဖိလစ်ပိုင်နိုင်ငံသမ္မတမားကို့စ်၏ နိုင်ငံခြားခရီးစဉ်များအတွင်း ဖိတ်ခေါ်ရရှိခဲ့သည့် FDIs များမှ  အမေရိကန်ဒေါ်လာ ၁၄ သန်းခန့်အား စီမံကိန်းအကောင်အထည်ဖော်ပြီးဖြစ်

Last Updated:

ဖိလစ်ပိုင်နိုင်ငံသမ္မတမားကို့စ်၏ နိုင်ငံခြားခရီးစဉ်များအတွင်းရရှိခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များမှ  အမေရိကန်ဒေါ်လာ ၁၄.၂ ဘီလီယံထိ အကောင် အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဖိလစ်ပိုင်ကုန်သွယ်/စက်မှုဝန်ကြီးဌာန က ၁၁-၂-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ သတင်းထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိစီမံကိန်း ၄၆ ခုထိအမှန်တကယ် ရင်းနှီးမြှုပ်နှံထားရှိပြီးကုန်ထုတ်လုပ်မှု၊ နည်းပညာ၊ လုပ်ငန်းစဉ်စီမံခန့်ခွဲမှုကဲ့သို့သောကဏ္ဍများတွင် ဖြစ်ပါကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံကြပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၃၅% နှင့် စီမံကိန်း စုစုပေါင်း ၁၆ ခု ရှိပါသည်။ ၎င်းနောက် နည်းပညာဆိုင်ရာလုပ်ငန်း စီမံခန့်ခွဲမှု (IT-Business Process Management) ကဏ္ဍတွင် ၂၀% နှင့် စီမံကိန်း ၉ ခု  ဖြစ်ပါကြောင်း၊ စီမံကိန်းများအနက် ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် စီမံကိန်း ၂၁ ခု နှင့် အမေရိကန်နိုင်ငံမှ စီမံကိန်း ၁၃ ခု တို့ ဖြစ်ကြောင်း ဖိလစ်ပိုင်ကုန်သွယ်/စက်မှုဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

သမ္မတ၏နိုင်ငံခြားခရီးစဉ်များအတွင်း ကတိကဝတ်ရရှိခဲ့သည့်စီမံကိန်း ၁၄၈ ခု၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၂.၂ ဘီလီယံ၏ ၂၀% ဖြစ်သော အမေရိကန်ဒေါ်လာ ၁၄.၂ ဘီလီယံမှာ ရင်းနှီးမြှုပ်နံမှု အဆင့်သတ်မှတ်ချက်အမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်သော စီမံကိန်း ၁၀၂ ခု၊ အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံအတွက် သက်ဆိုင်ရာ နိုင်ငံများအသီးသီးမှကြိုတင်ပြင်ဆင်မှုများ၊ စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများ အကောင်အထည်ဖော် သည့်အဆင့်ကျော်လွန်ပြီး လုပ်ငန်းစတင်လည်ပတ်ချိန်မှစ၍ အမြတ်ဝင်ငွေများစတင်ရရှိနိုင်မည် ဖြစ် ကြောင်း ဖိလစ်ပိုင် ကုန်သွယ်/စက်မှု ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သည့်ကာလသည် ၎င်းတို့ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် ကဏ္ဍပေါ်မူတည်လျက်ရှိပြီး  IT-BPM ကဏ္ဍနှင့် အသေးစားကုန်ထုတ် လုပ်မှုကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံ ခြင်းက အကောင်အထည်ဖော်သည့်ကာလတိုနိုင်သည့်အတွက် ဖိလစ်ပိုင်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းအား ကျဆင်းစေနိုင်သည့် ကဏ္ဍများဖြစ်ပါကြောင်း၊ ထို့အတွက် အဆိုပါကဏ္ဍ ၂ ခုသည် ဖိလစ်ပိုင်နိုင်ငံ ၏ အလုပ်အကိုင်အခွင့်အလမ်းများအား တိုက်ရိုက်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထား ပါသည်။          

သမ္မတမားကို့စ်လက်ထပ်တွင် ရင်းနှီးမြှုပ်နှံများကို အများဆုံးဖိတ်ခေါ်ခဲ့ပြီး သွားရောက်ခဲ့သည့် နိုင်ငံခြားခရီးစဉ်များအတွင်း အကျိုးရှိသည့် ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းများကို တည်ဆောက်နိုင်ခဲ့ပါ ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအား ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံး ရပ်ဝန်းတစ်ခုဖြစ်စေရန် ဖန်တီးဖော်ဆောင်သွားမည်ဟုလည်း ဖိလစ်ပိုင်ကုန်သွယ်/စက်မှု ဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ ၈-၂-၂၀၂၄ ရက်နေ့က ဖိလစ်ပိုင်ရင်နှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (Board of Investments- BOI)မှ စီမံကိန်း ၄၁ ခုအား အတည်ပြုခဲ့ပြီး အဆိုပါ ၄၁ ခုနှစ်အနက် စီမံကိန်း အခု ၂၀ မှာ သမ္မတ၏ နိုင်ငံခြားခရီးစဉ်များအတွင်း ဖိတ်ခေါ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးသည် လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ပြည်တွင်းရင်းနှီးမြှုပ်နှံမှု များကိုသာမက ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ရှာဖွေချိတ်ဆက်ကာ နိုင်ငံတကာမှ စီးပွားရေး မိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ သမ္မတမားကို့စ်၏ပြည်ပခရီးစဉ်များမှလည်း ရင်းနှီးမြှုပ်နှံမှုများစွာကို ဖိတ်ခေါ်နိုင်ခဲ့သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ခဲ့ပါ ကြောင်း၊ စီးပွားရေးအတွက် အမြန်လမ်းကြောင်း (Green Lane) အစီအစဉ်အရလည်း ရင်းနှီးမြှုပ်နှံမှု များကို ခွင့်ပြုပေးနိုင်ခဲ့ပြီး အာဆီယံနိုင်ငံများ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ဥရောပနိုင်ငံများနှင့်လည်း ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

 

 

 

Source; https://www.philstar.com/business/2024/02/12/2332610/foreign-pledges-materialize-14-billion-investments-dti

( စီးပွားရေးသံမှူး၊ မနီလာမြို့)

         

           

Category: International News