International News

တရုတ်နိုင်ငံ၏ ထိပ်တန်းစျေးကွက်ထိန်းညှိရေးဌာနမှ တစ်ဦးတည်းချုပ်ကိုင်မှု ဆန့်ကျင်သည့် (Antimonopoly) လမ်းညွှန်ချက် ထုတ်ပြန်

Last Updated:

တရုတ်နိုင်ငံ၏ ထိပ်တန်းစျေးကွက် ထိန်းညှိရေးဌာနဖြစ်သည့် စျေးကွက်စည်းမျဉ်းဆိုင်ရာ နိုင်ငံတော်အုပ်ချုပ်ရေးမှ စီးပွားရေးလုပ်ငန်းရှင်များ၏ အာရုံစိုက်မှုကို ဆန့်ကျင်သည့် လိုက်နာမှုဆိုင်ရာ လမ်းညွှန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

၎င်းသည် ၂၀၀၈ ခုနှစ် Antimonopoly Law ပြဌာန်းခဲ့ပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းရှင်များကို ဆက်စပ်နယ်ပယ်တွင် နိုင်ငံတော်ကောင်စီနှင့် တရုတ်အစိုးရ၏ တစ်ဦးတည်းချုပ်ကိုင်မှု ဆန့်ကျင်ရေးအတွက် လိုက်နာရန်ထုတ်ပြန်သည့် ပထမဆုံးလမ်းညွှန်ချက် ဖြစ်သည်။ ယင်းမှာ နိုင်ငံအနေဖြင့် ကုမ္ပဏီများအတွက် တိကျ၍ ပွင့်လင်းမြင်သာသော ကြီးကြပ်မှုပတ်ဝန်းကျင်ကို ဖော်ဆောင်ရန် ကြိုးစားနေသောကြောင့် ဖြစ်သည်။

လုပ်ငန်းရှင်များ ဆောင်ရွက်လေ့ရှိသည့် အပြုအမူတစ်ခုမှာ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက နောက်တစ်ဦးအပေါ်တွင် တစ်ဦးတည်းချုပ်ကိုင်လိုမှု သိုမဟုတ် တစ်ပိုင်းတစ်စ လက်ဝါးကြီးအုပ်ချုပ်လိုမှု အခြေအနေဖြင့် လွှမ်းမိုးထိန်းချုပ်လိုခြင်း ဖြစ်ပါသည်။ နိုင်ငံအများအပြား၌ ဖြစ်နိုင်ခြေရှိသည့် တစ်ဦးတည်း ချုပ်ကိုင်လိုမှုများကို တားစီးရန်အတွက် လုပ်ငန်းရှင်များက ပိုင်ဆိုင်မှုများနှင့် စုစည်းဆောင်ရွက်မှုများကို ကြိုတင်ကြေညာရန် လိုအပ်မည်ဖြစ် သည်။

လမ်းညွှန်ချက်အသစ်တွင် မတူညီသော လုပ်ငန်းအမျိုးအစားများအတွက် စီမံခန့်ခွဲမှုပုံစံများနှင့် ၎င်းတို့၏ ရင်းနှီးမြှပ်နှံ၊ စုစည်းဆောင်ရွက်မှုနှင့် ပိုင်ဆိုင်မှုတို့ကို အပြည့်အဝ ထည့်သွင်းစဉ်းစားလျှက် ကုမ္ပဏီများအတွက် လိုက်လျော ာညီထွေမှုရှိသည့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ထည့်သွင်းအဆိုပြုထားပါကြောင်း ဖော်ပြထားသည်။

ဥပမာအားဖြင့်၊ ကုမ္ပဏီများသည် လုပ်ငန်းလုပ်ကိုင်သူများ၏ အာရုံစိုက်မှုအတွက် သီးခြား လိုက်နာဆောင်ရွက်ရမည့်စနစ်များကို သတ်မှတ်ပြဌာန်းရန် မလိုအပ်တော့သဖြင့် အပိုဆောင်ရွက်မှု စရိတ်စကများမှ ၎င်းတို့၏ ဝန်ထုပ် ဝန်ပိုးကို သက်သာစေနိုင်ကြောင်း တွေ့ရှိရပါသည်။

 

 

 

အရင်းမြစ်။ http://www.chinadaily.com.cn/a/202309/11/WS64feccc6a310d2dce4bb51ba.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့)

Category: International News