International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆောင်းဦးရာသီထွက် နှံစားသီးနှံ တန်ချိန် သန်း ၄၀ ကျော် ဝယ်ယူခဲ့

Last Updated:

တရုတ်နိုင်ငံတွင် ဆောင်းဦးရာသီထွက် နှံစားသီးနှံများကို အဆိုပါ သီးနှံများထွက်ရှိသော ဒေသများ၌ ယခုကာလအထိ တန်ချိန် သန်း ၄၀ ကျော်ထိ ဝယ်ယူခဲ့ကြောင်း အမျိုးသားစားနပ်ရိက္ခာနှင့် မဟာ ဗျူဟာဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ အချက်အလက်များအရ သိရှိရပါသည်။

နှံစားသီးနှံများ၏ဈေးနှုန်း တည်ငြိမ်လျက်ရှိသဖြင့် ဈေးကွက်အတွင်း ဝယ်ယူမှု သွက်လက်လျက်ရှိကြောင်း အုပ်ချုပ်မှုအဖွဲ့၏ ပြောကြားချက်အရ သိရှိရပါသည်။

ဒေသဆိုင်ရာအစိုးရများအနေဖြင့် တောင်သူလယ်သမားများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင် မှုများပေးခြင်း၊ ဈေးကွက်အမှာစာများ မှန်ကန်စွာမှာယူခြင်းမဟုတ်ပဲ ပျက်ဆီးဆုံးရှုံးမှုများဖြစ်စေမည့် ကိစ္စရပ်များကို ထိန်းသိမ်းဆောင်ရွက်ခြင်းနှင့် လယ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် ဆောင်ရွက်သင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဆန်၊ ပြောင်းနှင့် ပဲပုပ်ကဲ့သို့သော အဓိက ဆောင်းဦးရာသီထွက်ကုန်များ၏ ဈေးနှုန်းများကို အနီးကပ်စောင့်ကြည့်ရန်နှင့် ဆိုးရွားသော ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိစွာ တုံ့ပြန်ဆောင်ရွက်နိုင်မည့် အစီ အစဉ်များ ဒေသအလိုက်ချမှတ်ဆောင်ရွက်ရန်လည်း တိုက်တွန်းထားကြောင်း သိရှိရပါသည်။

 

 

Source: Over 40 mln tonnes of autumn grain purchased in China - People's Daily Online

(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)       

Category: International News