International News

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကာကွယ်ထိန်းသိမ်းရမည့် သစ်များ တင်ပို့မှုအပေါ် တားမြစ်ထား

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကျွန်းသစ်၊ ပြုပြင် ထားသော သစ်သား၊ သစ်သားဖြင့်ပြုလုပ်ထားသော ရှေးဟောင်း ပစ္စည်းများနှင့် ဖယောင်း (Siamese Rosewood) တင်သွင်းရာတွင် တင်သွင်းခွင့်လက်မှတ်ကိုင်ဆောင်ထားခြင်းမရှိသော ကုန်သည်များအား တင်သွင်းခွင့်တားမြစ်သည့် လုပ်ထုံးလုပ်နည်း ၂ ချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

ယင်း လုပ်ထုံးလုပ်နည်း ၂ ချက်တွင် ပထမတစ်ချက်သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ဒုတိယတစ်ချက်သည် ဩဂုတ်လ ၁၆ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း၊ ကျွန်းသစ်လုံးများကို အကောက်ခွန် စစ်ဆေးရေးဂိတ်များဖြစ်သည့် တက်ခ်၊ ကတ်ချနာ ပူရီနှင့် မဲ့ဟုန်စုံခရိုင်တို့မှ တင်သွင်းခြင်းကို လည်းကောင်း၊ ပြုပြင်ပြီးသစ်များ တင်သွင်း ခြင်းကိုမဲ့ဟုန်စုံ စစ်ဆေးရေးဂိတ်မှ တင်သွင်းခြင်းကိုလည်းကောင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့မှ ဖယောင်းတုံးများ၊ ပြုပြင်ပြီး ဖယောင်းများနှင့် ဖယောင်းရှေးဟောင်းပစ္စည်းများ တင်သွင်းခြင်းကိုလည်းကောင်း တားမြစ်ခြင်းဖြစ်ကြောင်း ပြည်ပကုန်သွယ်ရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Ronnarong Phoolpipat က ရှင်းလင်းပြောကြားပါသည်။

သို့သော် ကန့်သတ်ပစ္စည်းစာရင်းတွင် မပါဝင်သည့် ကျွန်းသစ်တုံးများ၊ ပြုပြင်ပြီးသစ်နှင့် သစ်သားဖြင့်ပြုလုပ်ထားသော ရှေးဟောင်းပစ္စည်းများကို ပင်ရင်းဒေသသက်သေခံလက်မှတ် သို့မဟုတ် တင်ပို့ခွင့် အထောက်အထားများပြသ၍ တင်သွင်းနိုင်ကြောင်း၊ ဖယောင်းတုံးများ အပါအဝင် ဖယောင်းပစ္စည်းများ အားလုံးကို တင်ပို့ခွင့် တားမြစ်ထားပါကြောင်း၊ ကျွန်သစ်လုံးများ၊ ပြုပြင်ပြီး သစ်များ၊ တားမြစ်စာရင်းတွင် မပါဝင်သောပစ္စည်းများကိုတင်ပို့နိုင်ကြောင်း၊ သစ်သားဖြင့် ပြုလုပ်ထားသော ရှေးဟောင်းပစ္စည်းများ၊ ပို့ကုန်အဖြစ်ရည်ရွယ်သည့် မီးသွေးများနှင့် ရာဘာသစ်များကို ခွင့်ပြုချက်နှင့်အညီ တင်ပို့နိုင်ကြောင်း ဆက်လက်ရှင်းလင်းပါသည်။

 ပို့ကုန်ခွင့်ပြုချက်များအတွက် တော်ဝင်သစ်တောဦးစီးဌာနက တာဝန်ယူဆောင်ရွက် ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အချက်အလက်များအရ ယခင်နှစ်က ထိုင်းနိုင်ငံ၏ သစ်နှင့် သစ်တောထွက်ပစ္စည်းတင်ပို့မှုမှာ ဘတ် ၁၀၄ ဘီလီယံဖြစ်ကြောင်း၊ ယခုနှစ် ၄ လပတ်အတွင်း ဘတ် ၃၆.၄ ဘီလီယံတင်ပို့ပြီးဖြစ်ကြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအားကိုးကား၍ Mr. Rannaron က ပြောကြားခဲ့ပါသည်။

 

 

 

 Source: www.bangkokpost.gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

         

Category: International News