International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဆောင်းရာသီ ဂျုံရိတ်သိမ်းခြင်းလုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်လျက်ရှိ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန၏ ၁၂-၆-၂၀၂၃ ရက်နေ့ထုတ်ပြန်ချက်အရ နိုင်ငံစုစုပေါင်း ဂျုံစိုက်ဧရိယာ၏ ၈၀ ရာခိုင်နှုန်း (၁၀.၂ မီလီယံ ဟက်တာ) ခန့်ရှိသည့် ဆောင်းရာသီဂျုံရိတ်သိမ်းမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ဆောင်ရွက်နေစဉ်အတွင်း နွေရာသီအတွက် စိုက်ပျိုးမှုများကိုလည်း စတင်နေပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

လက်ရှိတွင် ဂျုံရိတ်သိမ်းမှုလုပ်ငန်းများကို မြောက်ပိုင်းဒေသများဖြစ်သည့် ရှန်းတုန်း၊ ရှန်းရှီးနှင့် ဟဲပေပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

ရှန်းတုန်းပြည်နယ်အနေဖြင့် ယခုနှစ်အတွင်း ရိတ်သိမ်းခြွေလှေ့သည့်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

လင်းရီကောင်တီတွင်း ဒေသဆိုင်ရာအာဏာပိုင်များမှ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ စက်ယန္တရားပစ္စည်းများ လုပ်ငန်းခွင်အရောက် ပြင်ဆင်ပေးသည့်ဝန်ဆောင်မှု ဆောင်ရွက်သည့် လုပ်ငန်းပေါင်း ၁၃၃ ခုနှင့် မိတ်ဖက်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

ထိုသို့ ဝန်ဆောင်မှုပေးခြင်းကို အများပြည်သူစုဝေးနိုင်သည့် နေရာများတွင် ဖွင့်လှစ်ထားရှိပြီး ရိတ်သိမ်းခြင်းအတွက် sunbathing sites ၁၀၀၀ နီးပါးတည်ထောင်ပေးထားကြောင်း သိရှိရပါသည်။

 

Source: Ministry of Agriculture and Rural Affairs of the People's Republic of China (moa.gov.cn)

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: International News