International News

ဒါနန်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားအရေအတွက် လေးဆတိုးလာ

Last Updated:

၂၀၂၃ ခုနှစ်အတွင်း အလယ်ပိုင်းကမ်းခြေရှိဒါနန်းမြို့သို့ လာရောက်လည်ပတ်သူ ခရီးသွား အရေ အတွက်သည် ခန့်မှန်းခြေအားဖြင့်၇ ဒသမ ၄ သန်း ကျော်လွန်သွားခဲ့ပြီး ၂၀၂၂ ခုနှစ်ထက် နှစ်ဆတိုးကာ COVID-19 ကူးစက်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်အတွင်း လာရောက်လည်ပတ်သူ ၉၃ ရာခိုင် နှုန်းနှင့် ညီမျှကြောင်း Vietnam plus အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

၎င်းတို့အနက်မှ နိုင်ငံတကာဧည့်သည်ဦးရေသည် ၂ သန်းကျော်ရှိမည်ဟု ခန့်မှန်းထားပြီး တစ်နှစ်ထက်တစ်နှစ် လေးဆတိုးလာပြီး၂၀၁၉ ခုနှစ်အတွင်းလာရောက်လည်ပတ်သူ ၆၂ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း ၊ ပြည်တွင်းခရီးသွားဦးရေမှာ ၅ ဒသမ ၄ သန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားပြီး ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၆၉ ရာခိုင်နှုန်း သိသိသာသာ တိုးမြင့်လာကြောင်း၊  အဆိုပါ ကိန်းဂဏန်းသည် ၂၀၁၉ ခုနှစ်အတွင်း ဒါနန်းကို လာရောက်လည်ပတ်ခဲ့သည့် ပြည်တွင်းခရီးသွား အရေအတွက်ထက် ၁၁၉ ရာခိုင်နှုန်း တိုးသည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားပါသည်။

အစားအသောက်၊ တည်းခိုနေထိုင်မှုနှင့် ခရီးသွားဝန်ဆောင်မှုများမှ စုစုပေါင်း ဝင်ငွေသည် VND ၂၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ) ခန့်မှန်းထားပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၆၇ ရာခိုင် နှုန်း တိုးလာပြီး ၂၀၁၉ ခုနှစ်ကိန်းဂဏန်း၏ ၁၃၃ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း သိရှိရပါသည်။

ဒါနန်းသည် မြို့တော်၏ အလားအလာနှင့် အားသာချက်များကို ပိုမိုကောင်းမွန်အောင် အဓိကအုပ်စုငါးခုဖြစ်သည့် အပျော်စီး (high-end cruise) ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း၊ MICE (အစည်းအဝေးများ၊ ညီလာခံများနှင့် ပြပွဲများ) ဆိုင်ရာခရီးသွားလုပ်ငန်း၊ မြို့ပြခရီးသွားလုပ်ငန်းနှင့် ecotourism ခရီးသွားလုပ်ငန်းတို့ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါနန်းသည် အဆိုပါ ထူးခြားသော အရင်းအမြစ်များကို အာရုံစိုက်ခြင်းဖြင့် ခရီးသွားများ၏ စိတ်ဝင်စားမှုနှင့် နှစ်သက်မှုများကို ဆွဲဆောင်နိုင်ရန် ရည်မှန်းထားကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vietnam plus

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News