International News

၂၀၂၄ ခုနှစ် နှစ်သစ်ကူး (တက်)ပွဲတော်ကျင်းပမည်

Last Updated:

ဗီယက်နမ်နိုင်ငံ၏ နှစ်သစ်ကူးပွဲတော် (တက်) ကာလအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၄ ရက်နေ့ထိ သတ်မှတ်ကြောင်း ဝန်ကြီးချုပ် ဖန်မင်းချင်မှ အတည်ပြုခဲ့သည်။ အတည်ပြုချက်အား အလုပ်သမား၊ မသန်စွမ်းနှင့် လူမှုရေးဝန်ကြီးဌာန၏ အဆိုပြုချက်အရ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အရှေ့တိုင်းနှစ်သစ်ကူး သို့မဟုတ် တက် (Tet) သည် ဗီယက်နမ် ရိုးရာပွဲတော်ဖြစ်ပြီး ရှေးယခင်က တည်းက ပြုလုပ်ခဲ့သော အကြီးဆုံးပွဲတော်ဖြစ်သည်။ ဗီယက်နမ် လူမျိုးများ၏ တန်ဖိုးထားယုံကြည်မှု၊ အမျိုးသားယဉ်ကျေးမှုကို ဖော်ညွှန်းပြသသည့် နှစ်တစ်နှစ်မှနောက်တစ်နှစ်သို့ ကူးပြောင်းခြင်းအတွက် ပြုလုပ်သည့် ပွဲတော်တစ်ခုဖြစ်သည်။

ဗီယက်နမ်လူမျိုးများအနေဖြင့် နှစ်သစ်ကူးအားလပ်ရက် တက် (Tet) သည် အဟောင်းကို နှုတ်ဆက်ပြီးနှစ်သစ်အတွက် ကောင်းသည့်အရာများယူဆောင်လာသည်ဟု ယုံကြည်ကြောင်းဖော်ပြထားသည်။

 

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News