International News

ဗီယက်နမ်နိုင်ငံ ဟိုချီမင်း၌ လေကြောင်းဖြင့် ခရီးသွားလာမှုနှုန်းသည် နှစ်သစ်ကူးရက် ပဥ္စမမြောက်နေ့တွင် စံချိန်တင်မြှင့်တက်

Last Updated:

ဟိုချီမင်းရှိ Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နှစ်သစ်ကူးအားလပ်ရက်၏ ပဉ္စမနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ခရီးသည် ၁၄၈,၀၀၀ အား စံချိန်တင် စီမံခန့်ခွဲခဲ့ကြောင်း The Siagon Times အွန်လိုင်းသတင်းဖော်ချက်အရသိရှိရပါသည်။

လေဆိပ်သို့ ခရီးသည် ၉၀,၀၀၀ ခန့် လေဆိပ်သို့ ယနေ့ရောက်ရှိခဲ့ပြီး ခရီးသည် ၅၈,၀၀၀ ကျော်မှာ ပြည်တွင်းလေကြောင်းဖြင့် ထွက်ခွာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည်အသွားအလာ တိုးလာခြင်းသည် အလယ်ပိုင်းနှင့် မြောက်ပိုင်ပြည်နယ်များမှ ဟိုချီမင်းမြို့ပြန်လာကြသည့် ခရီးသွားအရေအတွက် များလာသောကြောင့်ဖြစ်ကြောင်း၊ ယခုနှစ်ဖေဖော်ဝါရီလ ၁၄ ရက်ရှိ ခရီးသည်အရေအတွက်သည် ဖေဖော်ဝါရီ လ ၁၃ ရက်က အရေအတွက်ဖြစ်သည့် ၁၃၇,၀၀၀ ၏ စံချိန်ကို ကျော်လွန်ခဲ့ကြောင်း တောင်ပိုင်းလေဆိပ်အာဏာပိုင်အဖွဲ့အဆိုအရ သိရှိရပါသည်။

မြောက်ပိုင်းပြည်နယ်များမှ HCMC သို့ တစ်ကြောင်းသွားလေကြောင်းခရီးစဉ် အများစု ဘိုကင်များ ပြည့်သွားပြီးဖြစ်ကြောင်း၊ တောင်ပိုင်းမြို့သို့ ပြန်လိုသောခရီးသည်များသည် သိသိသာသာ မြင့်မား သော စျေးနှုန်းရှိသည့် လေကြောင်းလိုင်းများအား ရွေးချယ်ခွင့်များရှိနိုင်ကြောင်း ဖော်ပြထားသည်။

ဥပမာအားဖြင့်၊ ဟနွိုင်းမှ ဟိုချီမင်းသို့ ပျံသန်းသည့် ခရီးစဉ်များသည် ဗီယက်နမ်ဒေါင် ၅ သန်းမှ ဗီယက်နမ်ဒေါင် ၁၉ သန်းအထိ ရှိကြောင်း၊ ပြည်တွင်းလေကြောင်းလိုင်းများသည် ဟနွိုင်းရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အလွတ်လေယာဉ်ခရီးစဉ်များ ပြေးဆွဲပေးရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ဒေသဆိုင်ရာလေဆိပ်များမှ အာဏာပိုင်များသည် ခရီးသည်အသွားအလာ မြင့်တက်လာမှုကို စီမံခန့်ခွဲရန် စီမံချက်များ ချမှတ်ထားပြီး ဝန်ထမ်းများတိုးမြှင့် ခေါ်ယူခြင်းဖြင့် စစ်ဆေးမှုနှင့် လုံခြုံရေးလုပ်ထုံး လုပ်နည်းများကို လွယ်ကူချောမွေ့စေရန် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

 

Source :The Sigon times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News