Local News

ယခုရက်ပိုင်း ပဲ‌စျေးများအနည်းငယ်ကျ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်တွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။ ကုန်စည်ဒိုင်သို့ အများဆုံးဝင်ရောက်၍ အရောင်းအဝယ်ဖြစ်နေသော ပဲအမျိုးအစားများမှာ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ပဲနောက်၊ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီးနှင့် ဘိုကိတ်ပဲတို့ အများဆုံးဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

စျေးနှုန်းအနေဖြင့် ထိပ်ဆုံးကရောက်ရှိနေသည့် ပဲများဖြစ်သည့် ပဲစဉ်းငုံ၊ ပဲကြီးနှင့် မတ်ပဲ တို့၏စျေးနှုန်းများမှာ ကျပ်(၁)သိန်းကျော်အထိရရှိနေကာ ကျန်ပဲများလည်း ယခုနှစ်တွင်စျေးကောင်း ရရှိနေသော်လည်း ယခုရက်ပိုင်းတွင် ပဲစျေးများအားလုံး အနည်းငယ်ကျဆင်းလာပါသည်။ အချို့ပဲ များမှာအသစ်ပေါ်ချိန်ဖြစ်ခြင်းကြောင့် စျေးကွက်ထဲသို့ ဝင်ရောက်မှုများလာတဲ့အတွက် စျေးကျဆင်း လာခြင်းဖြစ်ပါသည်။

ဖေဖေါ်ဝါရီလဆန်းပိုင်းတွင် ပဲစဉ်းငုံ(၂၀)ပိသာတစ်တင်းလျှင် ကျပ်(၁၃၄၀၀၀)၊  ပဲကြီး(၂၀) ပိသာတစ်တင်းလျှင် ကျပ်(၁၂၅၀၀၀)၊ မတ်ပဲ(၂၀)ပိသာတစ်တင်းလျှင် ကျပ်(၁၁၁၀၀၀)၊ ပဲတီစိမ်း (၂၀)ပိသာတစ်တင်းလျှင် ကျပ်(၇၈၀၀၀)၊ ပဲနောက်(၂၀)ပိသာတစ်တင်းလျှင် ကျပ်(၆၆၀၀၀)၊ ကုလားပဲ(HL) (၂၀)ပိသာတစ်တင်းလျှင် ကျပ်(99၀၀၀)၊ ကုလားပဲ(မြကြေး) (၂၀)ပိသာတစ်တင်း လျှင်ကျပ်(၉၈၀၀၀)၊ ဘိုကိတ်ပြာ(၂၀)ပိသာတစ်တင်းလျှင် ကျပ်(၈၀၀၀၀)အထိ အမြင့်ဆုံးစျေး ရရှိခဲ့ပါသည်။

ယခုဖေဖေါ်ဝါရီလလယ်တွင် ပဲစဉ်းငုံ(၂၀)ပိသာတစ်တင်းလျှင် ကျပ်(၁၂၄၅၀၀)၊  ပဲကြီး(၂၀) ပိသာတစ်တင်းလျှင် ကျပ်(၁၂၃၀၀၀)၊ မတ်ပဲ(၂၀)ပိသာတစ်တင်းလျှင် ကျပ်(၉၆၅၀၀)၊ ပဲတီစိမ်း (၂၀)ပိသာတစ်တင်းလျှင် ကျပ်(၇၀၀၀၀)၊ ပဲနောက်(၂၀)ပိသာတစ်တင်းလျှင် ကျပ်(၆၀၀၀၀)၊ ကုလားပဲ(HL) (၂၀)ပိသာတစ်တင်းလျှင် ကျပ်(9၃၀၀၀)၊ ကုလားပဲ(မြကြေး) (၂၀)ပိသာတစ်တင်း လျှင်ကျပ်(၉၃၀၀၀)၊ ဘိုကိတ်ပြာ(၂၀)ပိသာတစ်တင်းလျှင် ကျပ်(၇၄၀၀၀)စျေးသာရရှိသည့်အတွက်  ဖေဖေါ်ဝါရီလဆန်းပိုင်းထက် စျေးကျဆင်းလာကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

မြန်ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News