International News

အမေရိကန်ဗဟိုဘဏ်အနေဖြင့် နောက်ဆုံးလေးလပတ်အတွင်း အတိုးနှုန်းတိုးမြှင့်မည့်အချိန်ကို မသတ်မှတ်နိုင်သေးသဖြင့် Portfolio ကဏ္ဍရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်လျက်ရှိ

Last Updated:

အမေရိကန်ဗဟိုဘဏ်အနေဖြင့် နောက်ဆုံးလေးလပတ်အတွင်း တိုးနှုန်းတိုးမြှင့်မည့်အချိန်ကို မသတ်မှတ်နိုင်သေးသဖြင့် Portfolio ကဏ္ဍရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်လျက်ရှိကြောင်း ၁၆-၈-၂၀၂၃ ရက်နေ့ထုတ် Money အွန်လိုင်းသတင်းတွင် “When Will the Fed Finally Start Cutting Interest Rates?” ခေါင်းစဉ်ဖြင့် ဖော်ပြထားရှိပါသည်။

အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းသတ်မှတ်ချက်သည် နှစ်ပေါင်းနှစ်ဆယ်အတွင်းအမြင့်ဆုံးဖြစ်ခဲ့ပြီး ယခုအခါ ငွေကြေးဖောင်းပွမှုလျော့ကျလာသဖြင့် ဗဟိုဘဏ်၏ အတိုးနှုန်းသတ်မှတ်ချက် လျော့ချသတ်မှတ်မည့်အလားအလာကို ရင်းနှီးမြှုပ်နှံသူများလေ့လာစောင့်ကြည့်လျက်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ မတ်လမှစတင်၍ စီးပွားရေးကျဆင်းမှုနှင့် စားသုံးသူဈေးဆနှုန်းမြင့်တက်မှုကို ကာကွယ်ရန် အတိုးနှုန်းကို တိုးမြှင့်သတ်မှတ်ခဲ့ပါကြောင်း၊ အတိုးနှုန်းပြောင်းလဲမည့်အခြေအနေကို မခန့်မှန်းနိုင် ကြောင်း ပညာရှင်များက တစ်ညီတစ်ညွတ်တည်းသဘောတူကြပြီး အကယ်၍ အမေရိကန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းလျော့ချမည်ဆိုပါက ၂၀၂၄ ခုနှစ်၊ အစောပိုင်းတွင် ဖြစ်နိုင်ကြောင်း JPMorgan Asset Management ၏ ဈေးကွက်မဟာဗျူဟာရေးဆွဲရေးဌာန၊ အကြီးအကဲ Mr. Oksana Aronov က ပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လေ့လာဆန်းစစ်သူ Ms. Callie Cox လည်း အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းတိုးမြှင့်မှုမှာ ၂၀၂၄ ခုနှစ်၊ အစောပိုင်းတွင်ဖြစ်နိုင်ပြီး အတိုးနှုန်းတိုးမြှင့်နိုင်သည့်ကာလနှင့် အကြောင်းအရာကို ခန့်မှန်းရန်ခက်ခဲကြောင်းဖြင့် အလားတူ ခန့်မှန်းပြောကြားခဲ့ပါကြောင်း၊ Portfolio ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြင့်မားသော အတိုးနှုန်းတွင် ထပ်တိုးနိုင်မည့် အလားအလာကို မမျှော်လင့်သင့်ကြောင်း၊ ကာလရှည်ရင်းနှီးမြှုပ်နှံမှု အတွက်သာ အစီအစဉ်ရေးဆွဲပြီး စနစ်တကျ ရင်းနှီးမြှုပ်နှံသင့်ပါကြောင်း၊ သို့မှသာ အတိုးနှုန်း အတက်/ အကျကို ခံနိုင်ရည်ရှိမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အမေရိကန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို လျော့ချခြင်းမပြုလုပ်ဘဲ အချိန်အကြာကြီး တိုးမြှင့်ထားနိုင်ကြောင်းဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရ ပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

Category: International News