International News

ဗီယက်နမ်လျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်သည့် VinFast ၏ အစုရှယ်ယာဈေးနှုန်းသည် Volkswagen နှင့် Ford ကုမ္ပဏီတို့၏အစုရှယ်ယာဈေးနှုန်းထက် တန်ဖိုးမြင့်လာ

Last Updated:

ဗီယက်နမ်လျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်သည့် VinFast ၏ အစုရှယ်ယာဈေးနှုန်းသည် Volkswagen နှင့် Ford ကုမ္ပဏီတို့၏ အစုရှယ်ယာဈေးနှုန်းထက် တန်ဖိုးမြင့်လာကြောင်း ၁၆-၈-၂၀၂၃ ရက် နေ့ထုတ် CNN Business အွန်လိုင်းသတင်းတွင် “A Vietnamese electric carmaker is now worth more than Volkswagen and Ford” ခေါင်းစဉ်ဖြင့် ဖော်ပြထားရှိပါသည်။

ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော VinFast သည် မော်တော်ကားကုမ္ပဏီကြီးများဖြစ်သည့် Volkswagen နှင့် Ford တို့ကို ကျော်လွန်၍ အစုရှယ်ယာတန်ဖိုး မြင့်တက်ခဲ့ပါကြောင်း၊ VinFast သည် နယူးယောက်မြို့ရှိ Black Spade Acquisition Co. နှင့် ပေါင်းစည်းခဲ့ ပြီးနောက် Nasdaq တွင် စာရင်းသွင်းသည့် ပထမဆုံးနေ့တွင် ကုမ္ပဏီ၏ အစုရှယ်ယာတန်ဖိုးသည် (၂၇၀) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါကြောင်း၊ အစုရှယ်ယာတစ်ခုကို ဈေးကွက်စဖွင့်ချိန်၌ ကနဦးဈေးနှုန်း (၁၀) ဒေါ်လာမှ (၂၂) ဒေါ်လာအထိရှိခဲ့ပြီး ဈေးကွက်ပိတ်ချိန်တွင် (၃၇) ဒေါ်လာအထိ မြင့်တက်ခဲ့ပါကြောင်း၊ VinFast ၏ စတော့ရှယ်ယာရှင်များ ပိုင်ဆိုင်သည့် အစုရှယ်ယာတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၈၅) ဘီလီယံ ကျော်ရှိခဲ့သဖြင့် Volkswagen ၏ အစုရှယ်ယာတန်ဖိုး ယူရို (၆၃.၉) ဘီလီယံ (နှင့်ညီမျှသော အမေရိကန်ဒေါ်လာ ၆၉.၇ ဘီလီယံ) နှင့် Ford ၏ အစုရှယ်ယာတန်ဖိုး ယူရို (၄၈) ဘီလီယံတို့ထက် များပြားသဖြင့် ယင်းသို့မြင့်တက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ VinFast ၏ အစုရှယ်ယာ (၉၉) ရာခိုင်နှုန်းကို ဗီယက်နမ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် Mr. Pham Nhat Vuong ပိုင်ဆိုင်သောကုမ္ပဏီဖြစ်သည့် Vingroup နှင့် အခြား၎င်း၏ လုပ်ငန်းခွဲများက ပိုင်ဆိုင်သည်ကို တွေ့ရပါကြောင်း၊ VinFast ကို ၂၀၁၇ ခုနှစ်တွင် Vingroup ၏ လက်အောက်ခံကုမ္ပဏီတစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်နှင့် မြောက် အမေရိကနိုင်ငံများတွင် လျှပ်စစ်သုံး SUV ၊ ခရီးသည် တင်ကားများ၊ Scooters များကို ထုတ်လုပ်ရောင်းချ လျက်ရှိပါကြောင်းဖြင့် ဖော်ပြထားပါသည်။

 VinFast ကုမ္ပဏီသည် လျှပ်စစ်ကား အမျိုးအစား (၄)မျိုးခန့်ကို အရေအတွက် (၁၉၀၀၀) ခန့်ထုတ် လုပ်ရောင်းချခဲ့ပြီးဖြစ်ပါကြောင်း၊ VinFast သည် ဗီယက်နမ်နိုင်ငံရှိ လူသုံးအများဆုံး လျှပ်စစ်ကား အမျိုးအစားဖြစ်ပြီး မြို့ပေါင်း (၆၀)ကျော်တွင် လျှပ်စစ်ဓာတ်အားသွင်းကွန်ယက်များကို တည်ဆောက် ထားပြီးဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံတွင်လည်း လျှပ်စစ်ကားထုတ်လုပ်သူအဖြစ် အောင်မြင်မှု ရရှိနေသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ လတ်တလောတွင် စီးပွားရေးအမြတ်အစွန်းရရှိမှုမရှိသေးဘဲ အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံဆုံးရှုံးခဲ့ကာ ကြွေးမြီ အမေရိကန်ဒေါ်လာ (၂.၅) ဘီလီယံ ပေးဆောင် ရန် ရှိကြောင်းဖြင့် ဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

Category: International News