International News

ဖိလစ်ပိုင်အထည်ချုပ်ပို့ကုန်လုပ်ငန်းရှင်များ၂၀၂၄ ခုနှစ်တွင်ပိုမိုတင်ပို့နိုင်ရန် မျှော်လင့်လျက်ရှိ

Last Updated:

ဖိလစ်ပိုင်ပြည်တွင်း အထည်ချုပ်လုပ်ငန်းရှင်များသည် လာမည့် ၂၀၂၄ ခုနှစ်တွင် ၎င်းတို့၏ အထည်ချုပ်လုပ်ငန်းကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုမြင့်တက်၍ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံ တကာဈေးကွက်များထဲမှ တစ်ခုဖြစ်သော အမေရိကန်ဈေးကွက်သို့ ပိုမိုတင်ပို့သွားရန် မျှော်လင့်ပါ ကြောင်း သိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍမှ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ပို့ကုန် တင်ပို့မှုရှိပြီး ၂၀၂၄ ခုနှစ်၊ နှစ်လယ်တွင် ၂ % တိုးမြင့်ရန် မျှော်မှန်းထားပါကြောင်း Foreign Buyers Association of the Philippines (Fobap) ဥက္ကဋ္ဌမှ ပြောကြားခဲ့ပါသည်။ အမေရိကန် ဈေးကွက်တွင် အထည်ချုပ်ရောင်းချရမှုကျဆင်းခဲ့ခြင်းက  အလုပ်လက်မဲ့ဖြစ်စေသည့် အကြောင်းအရင်း တစ်ခုဖြစ်ပါကြောင်း၊ ယခုဆိုလျှင်ပိုမိုဖြေလျှော့ပေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် အလုပ်လက်မဲ့နှုန်း ၃.၇% ထိ ကျဆင်းခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်ပေါင်း ၁၉၉,၀၀၀ ခန့်အား ဖန်တီးပေးနိုင်ခဲ့ကြောင်း အမေရိကန်အစိုးရမှ ထုတ်ပြန်သည့် ကိန်းကဏန်း အချက်အလက်များအရ သိရှိရပါသည်။

ထို့ပြင် EU GSP+ Scheme သက်တမ်းတိုးရရှိပါက ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အီးယူဈေးကွက် သို့လည်း အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိလိုပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ တတိယ (၃)လပတ်တွင် တင်ပို့မှုကျဆင်းခဲ့သဖြင့် ၂၀၂၄ ခုနှစ်တွင် ပိုမိုတင်ပို့နိုင်ရေး မျှော်လင့်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ မှစက်တင်ဘာလအထိ အထည်ချုပ်တင်ပို့မှု ၅% ဝန်းကျင်ထိ ကျဆင်းခဲ့သော်လည်း စတုတ္ထ (၃)လပတ် တွင် အော်ဒါကောက်ခံရရှိမှုအနည်းငယ် မြင့်တက်လာခဲ့ပါသည်။

သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့်  အီးယူ၊ အမေရိကန် နိုင်ငံအပြင် ကနေဒါ၊ အရှေ့တောင်အာရှ၊ တောင်အမေရိက၊ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံမျာသို့လည်း ပိုမိုတင်ပို့သွားရန် ဈေးကွက်ရှာဖွေလျက်ရှိပါကြောင်း ဖော်ပြပါရှိပါသည်။

အထည်ချုပ်ကဏ္ဍတစ်ခုလုံးသည် ကျဆင်းလျက်ရှိပြီး ဗီယက်နမ်နိုင်ငံသည်ပင်လျှင် ရုန်းကန်ဆောင်ရွက်နေရသည့် အခြေအနေတွင်ရှိနေပါကြောင်း၊ အမေရိကန်နိုင်ငံတွင်လည်း Walmart နှင့် အခြားလက်လီအရောင်းဆိုင်များသည် လတ်တလောပိတ်သိမ်းမှုများ ရှိနေပြီး ၂၀၂၃ ခုနှစ်အတွင်း ပြည်နယ် ၁၁ ခုမှ လက်လီအရောင်းဆိုင်ပေါင်း ၂၀ ကျော်ပိတ်သိမ်းရန်သွားရန် စီစဉ်ထားပါကြောင်း၊ ယခုအချက်အပေါ်မူတည်၍အစိုးရအနေဖြင့် အခြားသော အနောက်နိုင်ငံများဖြင့်လည်း FTAs များ ပိုမိုရေးထိုး၍ နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်များ ဆောင်ရွက်သွားနိုင်ရန် လိုအပ်ပါ ကြောင်း၊ မိမိတို့အနေဖြင့် အမေရိကန်နိုင်ငံတစ်ခုတည်းအပေါ်မှီတည်နေ၍မဖြစ်နိုင်ကြောင်း ၊အခြားသောနိုင်ငံများမှလည်း မိမိတို့၏ အထည်ချုပ်များကို ဝယ်ယူရန်လိုအပ်သဖြင့်  နှစ်နိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက်များ ချုပ်ဆိုပေးနိုင်ရေး တွန်းအားပေး ဆောင်ရွက်ပေးစေလိုပါကြောင်း Foreign Buyer Association of the Philippines (FoBAP) အသင်းမှ ပြောကြားထားပါကြောင်း လေ့လာသုံးသပ်ရပါသည်။  

        

 

Read more: https://business.inquirer.net/437595/garment-exporters-await-better-2024#

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News