International News

ဖိလစ်ပိုင်နိုင်ငံသည် နယ်ပယ် (၄) ခု၌ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကျဆင်း

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည် နယ်ပယ် (၄) ခုဖြစ်သော ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်း၊ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပထဝီနိုင်ငံရေးနှင့် အခြားမသေချာမရေရာသော အခြေအနေများ တို့တွင် ၂၀၂၂ခုနှစ်ကကမ္ဘာ့အဆင့်သတ်မှတ်ချက်၄၈ နေရာမှ ၂၀၂၃ ခုနှစ်တွင် ၅၂ နေရာသို့ ကျဆင်း သွားကြောင်း 2023 World Competitiveness Year Book အရ သိရှိရပါသည်။

တိုင်းတာရာတွင် စီးပွားရေးဆိုင်ရာအချက်အလက်ပေါင်း ၆၄ ခုပေါ် အခြေခံတွက်ချက်ပြီး အစီရင်ခံစာအားထုတ်ပြန်ခြင်းဖြစ်ရာ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အဆင့်သတ်မှတ်ချက် ကျဆင်း သွားရခြင်းမှာ အဓိကအချက်အလက် (၄)ခု အနက်(၃)ခု ဖြစ်သောတိုင်းပြည်၏လုပ်ငန်း အကောင် အထည်ဖော်ရာတွင် ထိရောက်မှုရှိခြင်း ဟူသည့် အချက်တွင် ၂၀၂၂ ခုနှစ်က အဆင့် ၃၉ ရှိရာမှ ၄၀ သို့လည်းကောင်း၊ အခြေခံအဆောက်အအုံဆိုင်ရာအချက်တွင် ၂၀၂၂ ခုနှစ်က အဆင့် ၅၇ ရှိရာမှ ၅၈ သို့လည်းကောင်း၊ အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက် ထိရောက်မှုရှိခြင်းဟူသည့် အချက်တွင် ၂၀၂၂ ခုနှစ်က အဆင့် ၄၈ ရှိရာမှ ၅၂ သို့လည်းကောင်း ဖော်ပြပါရှိပါသည်။

 အစိုးရ၏လုပ်ငန်းဆောင်ရွက်ချက်ထိရောက်မှုရှိခြင်းဟူသည့် အချက်အောက်ရှိ ခေါင်းစဉ် ခွဲလေးများဖြစ်သော ပြည်သူ့ဘဏ္ဍာရေး ဆောင်ရွက်ချက်တွင် အဆင့် ၅၁ မှ ၅၅ သို့လည်းကောင်း၊ အခွန်မူဝါဒ ဆောင်ရွက်ချက်တွင် အဆင့် ၁၃ မှ ၁၄ သို့လည်းကောင်း၊ အဖွဲ့အစည်းများဆိုင်ရာ မူဘောင်ရေးဆွဲခြင်းတွင် အဆင့် ၅၃ မှ ၅၆ သို့လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများအတွက် ဥပဒေပြဋ္ဌာန်းခြင်းတွင် အဆင့် ၅၂ မှ ၅၇ သို့လည်းကောင်း၊ လူမှုရေးဆိုင်ရာမူဘောင်တွင် အဆင့် ၅၀ မှ ၅၃ သို့ ကျဆင်းခဲ့ကြောင်းဖော်ပြပါရှိပါသည်။

သို့သော် အချို့အဆင့်မြင့်တက်မှုရှိလာသည့် အချက်များလည်းရှိပြီး စီးပွားရေး လုပ်ဆောင်ချက်အနေဖြင့် ၂၀၂၂ ခုနှစ်တွင် အဆင့် ၄၀ ရှိရာမှ အဆင့် ၅၃ ထိ ၁၄ နေရာမြင့်တက်ခဲ့ပါကြောင်း၊ စီးပွားရေးလုပ်ဆောင်ချက်အောက်ရှိ ခေါင်းစဉ်ခွဲများဖြစ်သော ပြည်တွင်းစီးပွားရေး ဆောင်ရွက်ချက်မှာ အဆင့် ၄၈ မှ ၃၀ သို့ လည်းကောင်း၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ခြင်းမှာ အဆင့် ၁၉ မှ ၉ သို့ လည်းကောင်း၊ ကုန်ဈေးနှုန်းထိန်းချုပ်နိုင်ခြင်းဆောင်ရွက်ချက်မှာ အဆင့် ၅၈ မှ ၃၉ သို့ အသီးသီး မြင့်တက်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင်ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲအချို့ရှိနေပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနေခြင်းမှ စီးပွားရေးပြန်လည်နလန်ထူလာစေရန်၊ လူမှုဘဝနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအားကောင်းလာစေရန်၊ ပညာရေးစနစ်အဆင့်မြင့် စေရန်၊ ရာသီဥတုပြောင်းလဲလာခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုနည်းစေရန်အတွက် လိုအပ်သော အ‌ခြေခံအဆောက်အအုံ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့မှုများဟူသည့် အချက်တို့ဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်သာ ကျဆင်း ခဲ့ခြင်း ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသတွင်း စီးပွားရေးတိုးတက်မှုအကောင်းဆုံး ၁၄ နိုင်ငံတွင် ၁၃ နေရာ၌  ၆ နှစ်ဆက်တိုက် ရပ်တည်နေပြီး ၂၀၂၃ခုနှစ် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ဒိန်းမတ်မှ ပထမနေရာ၊ အိုင်ယာလန်မှ ဒုတိယနေရာ၊ ဆွစ်ဇာလန်နိုင်ငံမှ တတိယနေရာတို့တွင် ရပ်တည်နေပြီး အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများမှ စင်ကာပူ မှစတုတ္ထ၊ထိုင်ဝမ်မှ ဆဌမနှင့် ဟောင်ကောင်မှ သတ္တမနေရာတို့တွင် အသီးသီးရပ်တည်လျက်ရှိပါသည်။

ကမ္ဘာ့ငွေကြေးဖောင်းပွမှုနှုန်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ ရုရှား-ယူကရိန်း ပဋိပက္ခတို့ကြောင့် ၂၀၂၃ ခုနှစ်တွင် အဆင့်သတ်မှတ်ချက် ကျဆင်းသွားရခြင်းဖြစ်ပါကြောင်း World Competitiveness Centre (WCC) ဒါရိုက်တာမှပြောကြားခဲ့ပြီး အခြားအချက်များအနေဖြင့် ရုရှားနှင့်ယူကရိန်းတို့မှ အကန့် အသတ်ဖြင့်သာ အချက်အလက်ရရှိခြင်း၊ ကူဝိတ်မှာ အဖွဲ့သို့ဝင်ရောက်ခဲ့ပြီး ပထမဆုံးအနေဖြင့် ကမ္ဘာ့ အဆင့်သတ်မှတ်ချက် ၆၄ နိုင်ငံတွင် ၃၈ နေရာ၌ ရပ်တည်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။

World Competitiveness Centre (WCC) အနေဖြင့် ဧရိယာ ၄ ခုဖြစ်သော စီးပွားရေးလုပ်ဆောင်ချက်၊ အစိုးရ၏လုပ်ငန်းဆောင်ရွက်ချက်၊ စီးပွားရေးလုပ်ငန်းများအတွက် ဆောင်ရွက်ချက်နှင့် အခြေခံအဆောက်အအုံတို့မှ ညွှန်းကိန်း ၁၆၂ အပေါ် အခြေခံတွက်ချက်ပြီး အဆင့်သတ်မှတ် ချက်၂၅၅ ခု ရှိပါကြောင်း၊ ကျန်သည့် ရမှတ်များမှာ သက်ဆိုင်ရာနိုင်ငံအလိုက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော တာဝန်ခံပုဂ္ဂိုလ်များ၏ ထည့်သွင်းစဉ်းစားသည့် အချက်အလက်များအရ ဖြစ်ပါကြောင်းဖော်ပြပါရှိပါသည်။

 

 

 

Source; https://mb.com.ph/2023/6/20/ph-drops-4-places-in-global-competitiveness-ranking

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News