International News

ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးအား အရှေ့တောင်အာရှတွင် တိုးတက်မှုနှုန်းအမြန်ဆုံးအဖြစ် တွေ့ရှိနိုင်

Last Updated:

၂၀၂၃ ခုနှစ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်မှ နောက်လာမည့် စီးပွားရေးဆိုင်ရာ နောက်ဆုံး ခန့်မှန်းချက် အစီရင်ခံစာအရ ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးသည် အရှေ့တောင်အာရှတွင် တိုးတက်မှုနှုန်းအမြန်ဆုံးဖြစ်နိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ ၂၀၂၃ ခုနှစ် ဇူလိုင်လထုတ် Asian Development Outlook တွင် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး ဂျီဒီပီသည် ၂၀၂၃ ခုနှစ်တွင် ၆.၀ ရာခိုင်နှုန်းရှိပြီး ၂၀၂၄ ခုနှစ်တွင် ၆.၂ ရာခိုင်နှုန်းထိ ရှိနိုင်ကြောင်း ခန့်မှန်းထားရှိပါသည်။

အာရှဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့အတွက် အင်ဒိုနီးရှားနိုင်ငံ၏ ဂျီဒီပီ ခန့်မှန်းချက်မှာ ၄.၈ ရာခိုင်နှုန်း နှင့် ၅.၀ရာခိုင်နှုန်းနှင့်        မလေးရှားနိုင်ငံ၏ ဂျီဒီပီခန့်မှန်းချက်မှာ ၄.၇ရာခိုင်နှုန်းနှင့် ၄.၉ ရာခိုင်နှုန်း အသီးသီးဖြစ်ပါကြောင်း၊ ပထမသုံးလပတ် အင်ဒိုနီးရှားနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းမှာ စီးပွားရေးလုပ်ငန်းများ၏ စောင့်ကြည့်နေသည့် အခြေအနေနှင့်ပို့ကုန်တင်ပို့မှုကျဆင်းနေခြင်းတို့ကြောင့် ကပ်ရောဂါမဖြစ်မီအကြို ကာလက ထက် ကျဆင်းနေကြောင်း၊ မလေးရှားနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းမှာလည်း ၂၀၂၃ ခုနှစ် ပထမ ၃ လပတ်တွင် ကျဆင်းနေခဲ့ပြီး လာမည့် ၃ ပတ်များတွင်မူ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကြောင့် တိုးတက်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။

၂၀၂၃ ခုနှစ် စင်ကာပူနိုင်ငံ၏ ဂျီဒီပီသည် အမေရိကန်နိုင်ငံ၏ အတိုးနှုန်း မြင့်တက်လာမှု၏ အကျိုးဆက်များ၊ ငွေရေးကြေးရေးဆုံးရှုံးနိုင်ချေ မသေ ချာမရေရာမှုများကြောင့် ၂.၀ ရာခိုင်နှုန်း မှ ၁.၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၃.၀ ရာခိုင်နှုန်းတွင် ဆက်လက်တည်ရှိနိုင်မည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံ၏ ဂျီဒီပီမှာ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ၃.၃ရာခိုင်နှုန်း ခန့်မှန်းထားသော်လည်း ပုဂ္ဂလိကပါဝင်မှု ပိုမိုအားကောင်းလာခြင်းနှင့် ဝန်ဆောင်မှုပို့ကုန်ကဏ္ဍတိုး မြင့်လာခြင်းတို့ကြောင့် ၃.၅ ရာခိုင်နှုန်း နှင့် ၂၀၂၄ ခုနှစ်တွင် ၃.၇ ရာခိုင်နှုန်းထိ တိုးမြင့်နိုင်သည်ဟု ခန့်မှန်းထားပါကြောင်း ဖော်ပြပါရှိပါသည်။

ဗီယက်နမ်နိုင်ငံမှာ ၂၀၂၃ ခုနှစ်ပထမနှစ်ဝက်တွင် ပြင်ပဝယ်လိုအား လျော့နည်းလာခြင်းနှင့် ကုန်ထုတ်လုပ်မှုကျဆင်းခြင်းတို့ကြောင့် ဂျီဒီပီတိုးတက်မှုနှုန်းအနည်းငယ် နှေးကွေးနိုင်သည်ဟု ခန့်မှန်းထားပါကြောင်းနှင့် အရှေ့တောင်အာရှဒေသတစ်ခုလုံး၏ ဂျီဒီပီမှာ ၂၀၂၃ ခုနှစ်တွင် ၄.၇ ရာခိုင်နှုန်း မှ ၄.၆ရာခိုင်နှုန်း၊ ၂၀၂၄ ခုနှစ်တွင် ၅.၀ ရာခိုင်နှုန်း မှ ၄.၉ရာခိုင်နှုန်းသို့ အသီးသီးကျဆင်းနိုင်ကြောင်း ခန့်မှန်းထားရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၃ ခုနှစ်တွင် ပုဂ္ဂလိကပါဝင်မှု ၊ အလုပ်အကိုင်အခွင့်အလမ်း၊ ကုန်ထုတ်လုပ်မှုနှင့်လက်လီရောင်းချနိုင်မှု၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုစသည်တို့ မြင့်တက်လာခြင်းကြောင့် ပထမ ၃ လပတ်ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၆.၄ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ပါကြောင်း၊ စုစုပေါင်းဂျီဒီပီတွင် အသားတင်ပို့ကုန်တန်ဖိုးပါဝင်မှုအား ကြည့်ပါက ကုန်စည်တင်ပို့မှု ကျဆင်းခဲ့သော်လည်း ဝန်ဆောင်မှု ပို့ကုန်ကဏ္ဍတွင် မြင့်တက်ခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍကိုလည်း အထူးအလေးထား၍ တိုးမြင့်ဆောင်ရွက်နေပါကြောင်း ဖော်ပြပါရှိပါသည်။

အရှေ့တောင်အာရှတွင် ပြည်တွင်းဝယ်လိုအားကျဆင်းနေသည့်နည်းတူ ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းဝယ်လိုအားမှာလည်း ကျဆင်းလျက်ရှိပါကြောင်း၊ ဒေသဖြတ်ကျော်သည့် အလုပ်သမားဈေးကွက်နှင့်ဝင်ငွေတိုးမြင့်လာခြင်းတို့ကြောင့် ပုဂ္ဂလိကစားသုံးမှုမှာ တိုးမြင့်လာပြီး ခရီးသွားလုပ်ငန်းများလည်း ပိုမိုမြင့်တက်လာနိုင်ပါကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်ဦးမော့လာသည့် အတွက် စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ တင်ပို့မှု ပိုမိုမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားရှိပါသည်။

ဖိလစ်ပိုင်ဗဟိုဘဏ်မှ ၂.၀ ရာခိုင်နှုန်း မှ ၄.၀ရာခိုင်နှုန်း ကြားရရှိရန် မျှော်မှန်းထားရှိခဲ့ပြီး စားသုံးသူဈေးဆနှုန်းကိန်း တိုးမြင့်လာခြင်းကြောင့် ၂၀၂၃ ခုနှစ်တွင် သိသိသာသာ တိုးမြင့်ခဲ့ပြီး ပျမ်းမျှ ၆.၂ ရာခိုင်နှုန်းတွင် ဆက်လက်ရပ်တည်နေမည်ဟု မျှော်မှန်းထားပါကြောင်း ဖော်ပြပါရှိ ပါသည်။

မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ကျဆင်းနေခဲ့သည့်အတွက်  ၂၀၂၄ ခုနှစ်တွင် ၄.၀ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းထားပါကြောင်း ဖော်ပြပါရှိပါသည်။

 

 

Source; https://www.manilatimes.net/2023/07/20/business/top-business/ph-seen-growing-fastest-in-se-asia/1901457

( စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News