International News

ထိုင်းနိုင်ငံအတွင်း ကွန်ဒိုဝယ်ယူမှု ထိပ်ဆုံး ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် ၈ နေရာ၌ ရပ်တည် လျက်ရှိ

Last Updated:

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ထိုင်းနိုင်ငံ၌ ကွန်ဒိုများကို နိုင်ငံသားများ ဝယ်ယူမှု နည်းပါးနေသော်လည်း နိုင်ငံခြားသားများ ဝယ်ယူမှု မြင့်တက်လျက်ရှိကြောင်း တရုတ်နိုင်ငံသားများသည် လွှဲပြောင်းရယူမှု အများဆုံးဖြစ်ကြောင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာ၏ ခေတ္တ ညွှန်ကြား ရေးမှူးချုပ်ဖြစ်သူ Mr. Vichai Viratkapan က ပြောကြားခဲ့ပါသည်။

ကွန်ဒိုလွှဲပြောင်းရယူမှုတန်ဖိုးသည် ယခင်နှစ် ဒုတိယနှစ်ဝက်အတွင်း အလုံးစုံ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် ဝယ်ယူမှုမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှစ၍ ဆက် တိုက်မြင့်တက်လာခဲ့ပြီး ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသား များ၏ ကွန်ဒိုဝယ်ယူမှုသည် နှေးကွေးနေဆဲဖြစ်ကြောင်း၊ စီးပွားရေးကို မြှင့်တင်လိုပါက နိုင်ငံခြားသား များ ဝယ်ယူမှုကို အားထားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ပတ္တရားနှင့် ဖူးခက်တို့တွင် နိုင်ငံခြားသားများ၏ ကွန်ဒိုပိုင်ဆိုင်မှုမြင့်တက်လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ယခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံခြားသားများသို့ ကွန်ဒိုလွှဲပြောင်းပေးခဲ့မှု ၇,၃၃၈ ယူနစ်ဖြစ်ကြောင်း၊ တရုတ်ကအများဆုံးဖြစ်ပြီး ၎င်းနောက် ရုရှား၊ အမေရိကန်တို့ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ဝယ်ယူမှုအဆင့် ၆ နေရာတွင် ရှိခဲ့သော မြန်မာနိုင်ငံသည် ယခုနှစ်တွင် အဆင့် ၈ နေရာဖြင့် ဝယ်ယူမှု ထိပ်ဆုံး ၁၀ နိုင်ငံတွင် ပါဝင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှ ဝယ်ယူခဲ့မှုသည် တစ်ယူနစ်လျှင် ပျမ်းမျှတန်ဖိုး ဘတ် ၇ သန်းရှိသော ကွန်ဒို ၁၈၂ ယူနစ် ဖြစ်ကြောင်း စင်တာ၏ ထုတ်ပြန်ထားသည့် စာရင်းအရ သိရှိ ရပါသည်။

နိုင်ငံခြားသားများထံသို့ ကွန်ဒိုအများဆုံးလွှဲပြောင်းမှုအချိုးမှာ ချွန်ဘူရီသည် အများဆုံးဖြစ်ပြီး ဗန်ကောက်၊ ဖူးခက်၊ ချင်းမိုင်နှင့် ပရာကျုဘ်ခီရီခန်တို့ ဖြစ်ကြောင်း၊ ဘတ် ၃ သန်းနှင့်အောက် တန်ဖိုး ရှိသော အမျိုးအစားသည် လူကြိုက်အများဆုံးဖြစ်ကြောင်း၊ ကပ်ရောဂါမတိုင်မီက ကျဆင်းခဲ့သော နိုင်ငံ ခြားဈေးကွက်သည့် ယခုတဖန် ပြန်လည်မြင့်တက်လာကြောင်း Mr. Vichai က စင်တာမှ ထုတ်ပြန် ထားသည့် အချက်အလက်များအပေါ် ခြုံငုံ သုံးသပ်ထားပါသည်။        

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News