International News

ဗီယက်နမ်နိုင်ငံ စီးပွားရေးတိုးတက်မှုအတွက် စိန်ခေါ်မှုများရှိနေ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် စက်မှုထုတ်ကုန်များကျဆင်းခြင်း၊ ပို့ကုန်များကျဆင်းခြင်း၊ ပြင်ပဝယ်လိုအားနည်းလာခြင်းနှင့် ကမ္ဘာ့မသေချာမရေရာမှုများကြောင့် စိန်ခေါ်မှုများရင်ဆိုင်နေကြောင်း ကမ္ဘာ့ဘဏ်၏ ဇွန်လထုတ် Vietnam Macro Monitory တွင် ဖော်ပြခဲ့သည်။

စက်မှုကုန်ထုတ်အညွှန်းကိန်း (IIP) သည် ဧပြီလတွင် ၀.၅ ရာခိုင်နှုန်းမှ ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မေလတွင် တစ်နှစ်ထက်တစ်နှစ် ၀.၁ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့်  လက်လီရောင်းချမှုသည် တစ်နှစ်ထက်တစ်နှစ် ၁၁.၅ ရာခိုင်နှုန်းတိုးလာကာ ဧပြီလတွင် မြင်တွေ့ရသည့် တိုးတက်မှုနှုန်းကို ထင်ဟတ်စေပါသည်။

ဧပြီလတွင် တစ်နှစ်ထက်တစ်နှစ် ကုန်စည်ရောင်းချမှု ၉.၇ ရာခိုင်နှုန်းမှ မေလတွင် ၁၀.၉ ရာခိုင်နှုန်းထိ တိုးတက်ခဲ့သော်လည်း  ဝန်ဆောင်မှုရောင်းချမှုများတွင် သိသိသာသာကျဆင်းခဲ့ပြီး ဧပြီလတွင် တစ်နှစ်ထက် တစ်နှစ် ၁၉.၂ ရာခိုင်နှုန်းမှ မေလတွင် ၇.၆ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သွားကြောင်းသိရှိရပါသည်။

ကုန်သွယ်မှုကဏ္ဍတွင် အဓိကအားဖြင့် ပြည်ပဝယ်လိုအားနည်းခြင်းကြောင့် ကုန်စည်တင်ပို့မှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၆ ရာခိုင်နှုန်းခန့် သိသိသာသာကျဆင်းခဲ့ပါသည်။ တစ်ပြိုင်နက်တည်းမှာပင် သွင်းကုန်သည် မေလတွင် တစ်နှစ်ထက်တစ်နှစ် ၁၈.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ထုတ်လုပ်မှုနှင့် ပို့ကုန်အတွက်လိုအပ်သော နိုင်ငံခြားသွင်းအားစုများ ဝယ်လိုအားနှေးကွေးမှုကို ရောင်ပြန်ဟပ်စေခဲ့သည်။ ကမ္ဘာ့ဘဏ္ဍာရေးအခြေအနေများပိုမိုတင်းကြပ်လာပါက ပြင်ပဝယ်လိုအား ပိုမိုနည်းလာမည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

အဆိုပါစီးပွားရေးစိန်ခေါ်မှုများအကြားတွင် စားသုံးသူအညွှန်ကိန်း (CPI) သည် မေလတွင် ၂.၈ ရာခိုင်နှုန်း မှ ဧပြီလတွင် ၂.၄ ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။ သို့သော်လည်း ငွေကြေးဖောင်းပွမှုသည် တစ်နှစ်ထက်တစ်နှစ် ၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဧပြီလတွင် တစ်နှစ်ထက်တစ်နှစ် ၄.၆ ရာခိုင်နှုန်းထိ အနည်းငယ်နိမ့်ကျခဲ့သည်။    

ကမ္ဘာ့လုံးဆိုင်ရာ မသေချာမရေရာမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုအပေါ်ချိန်ဆကာ ယခင်လတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များနှေးကွေးခဲ့သည်။ သို့သော်လည်း FDI ပေးချေမှုမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ တည်ငြိမ်ခဲ့သည်။

စီးပွားရေးတိုးတက်စေရန်အတွက် ဗီယက်နမ်နိုင်ငံတော်ဘဏ်မှ (SBV)သည် ငွေကြေးမူဝါဒများကို ဖြေလျှော့ရန်ဆောင်ရွက်မှုများပြုလုပ်ခဲ့သည်။ Refinancing အတိုးနှုန်းကို ၅.၅ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်း သို့လည်းကောင်း၊ Overnight Lending Facility rate ကို ၆ ရာခိုင်နှုန်း မှ ၅.၅ရာခိုင်နှုန်း သို့လည်းကောင်း လျှော့ချခဲ့သည်။ ဒါဟာ ၂၀၂၃ ခုနှစ် မတ်လနောက်ပိုင်း တတိယကြိမ်မြောက်အတိုးနှုန်း ဖြတ်တောက်မှုဖြစ်သည်။

ဒါပေမဲ့ ဗီယက်နမ်နဲ့ အခြားနိုင်ငံငွေကြား ငွေကြေးမူဝါဒကွဲပြားမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အရင်းအနှီးစီးဆင်းမှုနှင့် ငွေလဲလှယ်နှုန်းအပေါ်ဖြစ်ပေါ်လာနိုင်တဲ့ ဖိအားတွေကို အာဏာပိုင်တွေနဲ့သတိထားဖို့လိုပါတယ်ဟု ကမ္ဘာ့ဘဏ်မှ လေ့လာသုံးသပ်သူများ အကြံပြုထားသည်။

ချေးငွေတိုးတက်မှုနှုန်းသည် ၂၀၂၃ ခုနှစ် ဧပြီလတွင် တစ်နှစ်ထက်တစ်နှစ် ၄.၇ ရာခိုင်နှုန်း မှ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားကာ ဝယ်လိုအားနည်းလာခြင်းကို ရောင်ပြန်ဟပ်ကာ မေလတွင် တစ်နှစ်ထက်တစ်နှစ် ၉ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့သည်။

ထို့အပြင် လစဉ်ဘတ်ဂျက်လက်ကျန်သည် မေလတွင် ကြီးမားသောလိုငွေပြမှု ဒေါ်လာ ၂ ဘီလီယံခန့်ရှိခဲ့သည်။အဓိကအားဖြင့် ၂၀၂၂ ခုနှစ်တွင် covid 19 နောက်ပိုင်းတွင်  ဝင်ငွေမြင့်မားမှုများ၏  အကျိုးသက်ရောက်မှုများ ဖြစ်သည့် မြေယာရောင်းချမှု၊ အိမ်ခြံမြေရောင်း ဝယ်ရေး၊ VAT ကောက်ခံမှုများနှင့် သက်ဆိုင်ပြီး တဖက်တွင်မူ ပြည်သူ့အသုံးစရိတ်သည် မေလတွင် တစ်နှစ်ထက်တစ်နှစ် ၂၇.၈ ရာခိုင်နှုန်း တိုးလာသည်။

ထို့ပြင် အထူးသဖြင့် National Target Programmers  အတွက် အများပိုင်ရင်းနှီးမြှုပ်နှံမှု အရှိန်တိုးမြှင့်ပေးခြင်းသည် အစုလိုက် ဝယ်လိုအားကိုအားကောင်းစေပြီး စီးပွားရေးတိုးတက်မှု မြှင့်တင်ပေးမည်ဟုဆိုသည်။ ထို့အပြင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ပြီးရေရှည်တည်တံ့သော ဒီဂျစ်တယ်နည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူသားအရင်းအနှီးများကို ဦးစားပေးခြင်းသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည်ဖြစ်သည်။

 

Source: Viet Nam News

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News