International News

ထိုင်းနိုင်ငံ၊ ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံးက Secondary ပို့ကုန်အမျိုးအစားများ ပိုမိုတင်ပို့နိုင်ရေး စိတ်အားထက်သန်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ အစိုးရက ပို့ကုန်အတွက် တွန်းအားပေးဆောင်ရွက်သကဲ့သို့ ကုန်သွယ်ရေးတွင် ခွဲခြားထားမှုမရှိသော်လည်း Secondary ပို့ကုန်များ၏ ပို့ကုန်တန်ဖိုး နည်းပါးနေခြင်းနှင့် စပ်လျဉ်း၍ ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံးက လေ့လာသုံးသပ်လျက်ရှိကြောင်း သိရှိရပါ သည်။

Secondary ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပို့ကုန်တန်ဖိုး တိုးမြှင့်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ်အား တာဝန်ပေးအပ်ထားပါကြောင်း၊ ထိုင်းနိုင်ငံ၏ ပို့ကုန်များသည် အဓိက ပို့ကုန်များပေါ်တွင် မှီတည်နေသည်မှာ အချိန်ကာလကြာခဲ့ပြီဖြစ်ရာ ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်နေရပြီး တိုးတက်မှုလည်း ကျဆင်းလာလျက်ရှိပါကြောင်း၊ ရလဒ်အနေဖြင့် ထိုင်းသင်္ဘောတင်ပို့မှုသည် လျာထားချက်ကို ပြည့်မီရန်ပင် မတတ်နိုင်ပါကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyannapakorn က ပြောကြားခဲ့ပါသည်။

ဈေးကွက်သစ်များရှာဖွေခြင်းနှင့် ရှိပြီးဈေးကွက်များတွင် ဈေးကွက်ဝေစုချဲ့ထွင်ခြင်းတို့အပြင် တိုးတက်မှုအလားအလာနှင့် ကမ္ဘာ့ဈေးကွက်မှ ဝယ်လိုအားဆက်တိုက်ရှိနေသော Secondary ပို့ကုန်များကို မြှင့်တင်ရန်လိုအပ်နေပါကြောင်း၊ ၂၀၂၃ ခုနှစ် အချက်အလက်များအရ ထိုင်းနိုင်ငံ၏ ထိပ်တန်းပို့ကုန် အမျိုးအစား ၂၀ မျိုးမှာ တူညီသော ပို့ကုန်အုပ်စုများဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၈၂ ဘီလီယံ ဖြစ်ပါကြောင်း၊ အဆိုပါ ပို့ကုန်များမှာ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ၊ ရာဘာထုတ်ကုန်များ၊ လျှပ်စစ်ဆားကစ်စ်ပြားများ၊ လတ်ဆတ်၊ အေးခဲနှင့် အသီးခြောက်များ၊ လေအေးပေးစက်များဖြစ်ကြောင်း၊ မူဝါဒရုံးအနေဖြင့် Secondary ထုတ်ကုန်များ၏ ပို့ကုန်တန်ဖိုးကို အမေရိကန်ဒေါ်လာ ၁၀၇ ဘီလီယံထိ‌ရောက်ရှိရန် စီစဉ်ဆောင်ရွက်နေပါကြောင်း ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

Secondary ထုတ်ကုန်များမှာ လတ်ဆတ်နာနတ်သီး၊ အေးခဲဒူးရင်းသီး၊ လတ်ဆတ်ပြောင်းဖူး၊ အေးခဲမှို၊ အေးခဲကြက်သား၊ လတ်ဆတ်ဥများ၊ ပဲမည်းနှင့် ပဲစိမ်းများ၊ တိရစ္ဆာန်အစာ၊ ဂျုံထုတ်ကုန်များ၊ တိရစ္ဆာန်နှင့် ဟင်းသီးဟင်းရွက်ဆီနှင့် မရှိမဖြစ် နေ့စဉ်အသုံးပြုသော ပစ္စည်းများအပြင် မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အားကစားပစ္စည်းများပါဝင်ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ ပြောကြားချက်အရ သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ပို့ကုန်အမယ် အနည်းငယ်ပေါ်သာ မှီတည်နေခြင်းကြောင့် Secondary ထုတ်ကုန်များ၏ ပို့ကုန်တန်ဖိုးတိုးမြှင့်နိုင်ရေး လေ့လာသုံးသပ်ချက်များ ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.com

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News