International News

ဟောင်ကောင်ဒေသမှ စီးပွားရေးလုပ်ငန်း ထက်ဝက်နီးပါး တရုတ်ပြည်မသို့ လုပ်ငန်းချဲ့ထွင်လို

Last Updated:

ဟောင်ကောင်ဒေသမှ စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်စည်များရောင်းချမှုအတွက် အီလက်ထရောနစ်ကူးသန်း ရောင်းဝယ်မှုဖြင့် လုပ်ဆောင်လာကြသော်လည်း အချို့လုပ်ငန်းများသည် သမရိုးကျပုံစံလုပ်ကိုင်မှုကို ချဲ့ထွင်ရန် စိတ်အားထက်သန်လျက်ရှိနေဆဲဖြစ်ပြီး အဆိုပါလုပ်ငန်းများ၏ ၄၅ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ လုပ်ငန်းများ ချဲ့ထွင်လုပ်ကိုင်လိုသည်ဟု Adyen ၏ အစီရင်ခံစာတွင်ဖော်ပြထားကြောင်း hong kong business သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် “Nearly half of businesses say China is a target market for expansion: report” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

အခြားသော အာရှ-ပစိဖိတ်ဒေသများထက် ဟောင်ကောင်ဒေသမှ စီးပွားရေးလုပ်ငန်းများသည် ငွေကြေးဖောင်းပွမှု ၏ သက်ရောက်မှုကို ခံစားရပါသည်။ ငွေကြေးဖောင်းပွမှုကြောင့် တစ်နှစ်ပတ်လုံး လျှော့ဈေးဖြင့် ရောင်းချပေးရသည်ဟု လုပ်ငန်းများ၏ ၆၀ ရာခိုင်နှုန်းက ပြောကြားခဲ့ကြောင်းနှင့် စစ်တမ်းကောက်ယူရာတွင် အာရှ-ပစိဖိတ်ဒေသမှ လုပ်ငန်းများ၏ ပျမ်းမျှ ၄၅ ရာခိုင်နှုန်းသာ ထိုကဲ့သို့ပြောကြားကြောင်း ရေးသားဖော်ပြထားပါသည်။

နေထိုင်မှုစရိတ်မြင့်တက်လာခြင်းကြောင့် ဟောင်ကောင်ဒေသရှိ စားသုံးသူများ၏ ဝယ်ယူမှု ပုံစံပြောင်းလဲလာကြောင်းနှင့် ဈေးဝယ်ရာတွင် အွန်လိုင်းရောင်းချမှုများကို ဝယ်ယူခြင်းနှင့် ပုံမှန်ဈေးနှုန်းဖြင့် ဝယ်ယူမှုထက် ဈေးနှုန်းလျှော့ချမည့်အချိန်ကို စောင့်ဆိုင်းဝယ်ယူကြကြောင်း ဟောင်ကောင်ဒေသခံများ အတည်ပြုပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

ယခုအစီရင်ခံထုတ်ပြန်နိုင်ရန်အတွက် Adyen အနေဖြင့် ဈေးကွက်သုတေသန လုပ်ဆောင်သည့် အေဂျင်စီ Opinium LLP မှတစ်ဆင့် ဟောင်ကောင်ဒေသမှ စားသုံးသူတစ်ထောင်နှင့် လုပ်ငန်း ၅၂၁ ခု အပါအဝင် ကမ္ဘာတစ်ဝှမ်းမှ လူပေါင်း ၃၆,၀၀၀ နှင့်  လုပ်ငန်းပေါင်း ၁၂,၀၀၀ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News