International News

ဟောင်ကောင်ဒေသ ကမ္ဘာပေါ်တွင် ယှဉ်ပြိုင်နိုင်မှုအရှိဆုံးဒေသ အဆင့် ၇ သို့ ရောက်ရှိ

Last Updated:

ဟောင်ကောင်ဒေသသည် နှစ်စဉ်ထုတ်ပြန်သည့် IMD World Competitiveness Ranking (WCR) တွင် ကမ္ဘာပေါ်တွင် ယှဉ်ပြိုင်နိုင်မှုအရှိဆုံး ဒေသများတွင် အဆင့် ၇ သို့ ရောက်ရှိသွားပြီး ယခင်နှစ်ကထက် အဆင့် ၂ ဆင့် ကျဆင်းသွားခဲ့ကြောင်း hong kong business သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် “Hong Kong ranks 7th in list of world’s most competitive economies” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ထိုသို့ အဆင့်သတ်မှတ်ရန် စိစစ်သည့် နယ်ပယ် ၄ ရှိပြီး ၎င်းတို့မှာ (က) စီးပွားရေးစွမ်း ဆောင်ရည် (Economic Performance)၊ (ခ) အစိုးရ၏လုပ်ကိုင်နိုင်စွမ်း (Government Efficiency)၊ (ဂ) စီးပွားရေးလုပ်ငန်းများ၏ လုပ်ကိုင်နိုင်စွမ်း (Business Efficiency) နှင့် (ဃ) အခြေခံအဆောက်အဦ (Infrastructure) တို့ဖြစ်ပါသည်။ IMD မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ ဟောင်ကောင်ဒေသသည် အစိုးရ၏လုပ်ကိုင်နိုင်စွမ်းနှင့် အခြေခံအဆောက်အဦတွင် ဒုတိယအဆင့်ရရှိခဲ့ကြောင်းနှင့် ပြီးခဲ့သောနှစ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းများ၏ လုပ်ကိုင်နိုင်စွမ်းတွင် အနည်းငယ်ကျဆင်းသွားကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တစ်နိုင်ငံစနစ်နှစ်မျိုး ကျင့်သုံးမှုအရ ထူးခြားသည့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အားသာချက်များဖြင့် အထောက်အပံ့ပြုထားသည်ဟု ဟောင်ကောင်ဒေသအစိုးရက ပြောကြားခဲ့ပါသည်။

ဟောင်ကောင်ဒေသသည် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ နိုင်ငံ၏ 14th Five-Year Plan၊ မဟာပင်လယ်ကွေ့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် the Belt & Road Initiative တို့မှ ရရှိလာသည့် အခွင့်အလမ်းများဖြင့် ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ နေထိုင်မှုဘဝ တိုးမြှင့်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News