International News

Cold Examination Facility in Agriculture (Cefa) သည် ဖိလစ်ပိုင်နယ်စပ်အတွက် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ စစ်ဆေးရာတွင် ပိုမိုလွယ်ကူစေနိုင်

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများအား အအေးခန်းစစ်ဆေးခြင်းဆိုင်ရာ ပံ့ပိုးမှု Cold Examination Facility in Agriculture (Cefa) သည် ဖိလစ်ပိုင်နိုင်ငံသို့ တင်သွင်းလာသည့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအတွက် ပထမဦးဆုံး နယ်စပ်စစ်ဆေးရေးနေရာတစ်ခုဖြစ်ပြီး တိရစ္ဆာန်ပိုးမွှားများအန္တရာယ် ဝင်ရောက်ခြင်းမှကာကွယ်ရန်နှင့်နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်းတို့မှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနတာဝန်ရှိသူများမှ ပြောကြားခဲ့ပါသည်။

Cebu နှင့် Davao တို့တွင်တည်ဆောက်ရန်အတွက် ၂၀၂၃ ခုနှစ် ဘတ်ဂျက်တွင် ပီဆို ၂.၃ ဘီလီယံ ထည့်သွင်းလျာထားခဲ့ပြီး တရားမဝင်ကုန်သွယ်မှုများကို တားဆီးရန်နှင့် စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများကို စစ်ဆေးရာတွင် လွယ်ကူမှန်ကန်စေရန်အတွက် နိုင်ငံတော်အဆင့် စစ်ဆေးပေးနိုင်သည့် ဓာတ်ခွဲခန်းနေရာတစ်ခုဖြစ်လာပါကြောင်း၊  ဖိလစ်ပိုင်နိုင်ငံသို့ တင်သွင်းလာသည့် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများအာ ရာနှုန်းပြည့်စစ်ဆေးမှုခံယူရန် လိုအပ်ပါကြောင်း၊ Cefa မှ စစ်ဆေးပြီးသည့် ကုန်ပစ္စည်းများသာလျှင် ဈေးကွက်အတွင်းသို့ တင်သွင်းဖြန့်ချိခွင့်ရှိပါကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သည့် နားလည်မှုစာချွန်လွှာရေးထိုးသည့် အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

အဆိုပါ စစ်ဆေးမှုလုပ်ငန်းစဉ်အား အဓိကဝင်ပေါက် ၂ ခုဖြစ်သည့် မနီလာဆိပ်ကမ်းနှင့် မနီလာ နိုင်ငံတကာ ကွန်တိန်နာဆိပ်ကမ်း တို့တွင် ၂၄ နာရီ Off-Dock Custom Facility စနစ်ဖြင့် စတင် လည်ပတ်သွားမည်ဖြစ်ပြီး အလုပ်သမားဦးရေ ၁၅၀၀ မှ ၂၀၀၀ကြားအလုပ်အကိုင်အခွင့်အလမ်း ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

Cefa အရ တိုင်းပြည်၏ စိုက်ပျိုးရေးကဏ္ဍအား ခြိမ်းခြောက်လျက်ရှိသော ရောဂါပိုးမွှားများ အန္တရာယ်အား ပိုမိုထိရောက်စွာ စစ်ဆေးပေးနိုင်မည်ဖြစ်ပြီး လယ်ယာထွက်ကုန်ပစ္စည်းများ တရားမဝင် တင်သွင်းနေမှုများနှင့် ထိုမှတဆင့်ရောဂါပိုးမွှားအန္တရာယ်များ ဝင်ရောက်ခြင်းတို့ကို တားဆီးပေးနိုင် မည်ဖြစ်ပါကြောင်း၊ ယခုဝင်ပေါက်နှစ်ခုတွင် စတင်ခြင်းသည် ပထမခြေလှမ်းဖြစ်ပြီး နောက်ထပ် Cebu နှင့် Davao တို့တွင် ထပ်မံတည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ Cefa အား ၂၀၁၃ စားသုံးသူ ကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

စိုက်ပျိုးရေးကဏ္ဍနှင့် ပြည်တွင်းစားသုံးသူများ၊ အဖွဲ့အစည်းများအား ဖြစ်ပေါ်လာနိုင်သည့် မြန်နှုန်းမြင့် ကူးစက်ရောဂါများအန္တရာယ်မှ အကာအကွယ်ပေးရန်၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှု တည်ငြိမ်စေရန်တို့အတွက် ဖြစ်ပါကြောင်းဖော်ပြပါရှိပါသည်။

 

 

 

Source; https://businessmirror.com.ph/2023/07/24/cefa-makes-it-easier-to-secure-phl-borders/

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News