International News

ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က စီးပွားရေးလုပ်ငန်းများအတွက် ပြန်လည်အသုံးချ ခြင်း စီမံကိန်း (Recycling Project) ကို ကြေညာခဲ့

Last Updated:

ထိုင်းစက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်က စီးပွားရေးစက်ဝန်း (Circular Economy) သဘောတရားအရ စွန့်ပစ်ပစ္စည်းများ လျှော့ချရန်အတွက် အရွေ့တစ်ခုဖြစ်သည့် စက်မှုနှင့်လယ်ယာ စွန့်ပစ်ပစ္စည်းများကို ကုန်ကြမ်းပစ္စည်းများ သို့မဟုတ် ထုတ်ကုန်အသစ်များအဖြစ် ပြောင်းလဲမည့်  စီမံကိန်းတစ်ခုကို အဖွဲ့အစည်း ၂ ဖွဲ့နှင့်ပူးပေါင်း၍  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ပူးပေါင်းဆောင်ရွက်မှုသည် ထိုင်းနိုင်ငံအတွင်း စွန့်ပစ်ပစ္စည်းမြင့်တက်လာမှုအဆင့်ကို စီမံခန့်ခွဲရန်ဖြစ်ကြောင်း၊ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ စက်မှုဦးစီးဌာန နှင့် National Science and Technology Development Agency (NSTDA) တို့အကြား စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ စီးပွားရေးစက်ဝန်းသည် Bio-, Circular and Green (BCG) ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ထုတ်လုပ်များနှင့် တောင်သူများအား စွန့်ပစ်ပစ္စည်းများ လျှော့ချရေး၊ ပြန်လည်အသုံးပြုရေးတို့တွင် ကူညီပေးသွားမည်ဖြစ်ကြောင်း NSTDA ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Sukit Limpijumnong က ပြောကြားပါသည်။

အသင်းချုပ်အနေဖြင့် စက်မှုစွန်ပစ်ပစ္စည်းများကို ထုတ်ကုန်အသစ်အဖြစ် ထုတ်လုပ်လိုသည့် လုပ်ငန်းရှင်များအား ထောက်ပံ့ပေးမည့် ပစ္စည်းစက်ဝန်းဗဟိုချက် (Circular Material Hub) အစီအစဉ်ကို ဆောင်ရွက်နေပါကြောင်း၊ ထုတ်လုပ်ရေးကဏ္ဍသည် စွန့်ပစ်ပစ္စည်းများ ထုတ်လုပ်သူများ ဖြစ် ကြောင်း၊ လုပ်ငန်းတစ်ခုက စွန့်ပစ်ပစ္စည်းများသည် အခြားလုပ်ငန်းတစ်ခုအတွက် ကုန်ကြမ်းများ ဖြစ်နိုင်ကြောင်း စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဥက္ကဋ္ဌဖြစ်သူ Mr. Kriengkrai Theinnukul က ဖြည့်စွက်ပြောကြားပါသည်။

 စွန့်ပစ်ပစ္စည်းများ ကောင်းမွန်စွာစွန့်ပစ်နိုင်ရေးနှင့် အကျိုးရှိသော စီးပွားရေးလည်ပတ်မှုများဖြစ်စေရေးစသည်တို့ကို အထောက်အကူဖြစ်စေမည့် လုပ်ထုံးလုပ်နည်းများကို ဦးစီးဌာနအနေဖြင့် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် NSTDA တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိုင်းနိုင်ငံ၏ ၂၀၅၀ ခုနှစ်တွင် ကာဗွန်ကြားနေရေး ပန်းတိုင်အတွက် အထောက်အကူပြုစေမည် ဖြစ်ကြောင်း စက်မှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Julapong Taweesri က ပြောကြားပါသည်။

 

 

Source:www.bangkok post. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News