International News

အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှု ပိတ်ပင်မှုကြောင့် ဆန်ဈေးတက်မည်ကို ထိုင်းကုန်သည်များ စိုးရိမ်လျက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံက ထုတ်ပြန်ခဲ့သည့် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ပိတ်ပင်သည့် ထုတ်ပြန်ချက်တစ်ရပ်အပေါ် ထိုင်းဆန်တင်ပို့သူများက စိုးရိမ်လျက်ရှိကြောင်း၊ ယင်းသည် ထိုင်းပြည် တွင်း ဆန်ဈေးနှုန်းကို ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်ပြီး ထိုင်းဆန်လုပ်ငန်းကို ရိုက်ခတ်နိုင် ကြောင်း၊ ယင်းထုတ်ပြန်ချက်၏ သက်ရောက်မှုများကို တွက်ချက်ရန်အတွက် ထိုင်းပို့ကုန်လုပ်ငန်းရှင် များက ဆန်ဝယ်ယူမှုတွင် နှောင့်နှေးနိုင်ကြောင်း ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း၏ ဂုဏ်ထူး ဆောင် ဥက္ကဋ္ဌဖြစ်သူ Mr. Chookiat Ophaswongse က ပြောကြားပါသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဆန်ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းဖြင့် ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး နိုင်ငံဖြစ်ကြောင်း၊ ရာသီဥတုမမှန်ခြင်းကြောင့် အိန္ဒိယနိုင်ငံအတွင်း၌ ထုတ်လုပ်မှုကို ခြိမ်းခြောက်လျက် ရှိပြီး အတက်ဖက်သို့ဦးတည်နေသော ဆန်ဈေးနှုန်းကို လျှော့ချရန်အတွက် နိုင်ငံ၏ တင်ပို့မှုအများဆုံး ဖြစ်သော ဆန်အမျိုးအစားကို ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းဆန်ကုန်သည်များက အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ ကနဦးက အိန္ဒိယအစိုးရအနေဖြင့် ဆန်တင်ပို့မှုကို ပိတ်ပင်ခြင်းအစား အခြားသော အစီအမံများကို ဆောင်ရွက် သွားမည်ဟု မျှော်လင့်ရပါကြောင်း၊ သို့သော် ယခုကဲ့သို့ ထုတ်ပြန်ချက်ထွက်ရှိပြီးနောက် ကမ္ဘာ့ဆန်ဈေး ကွက်ပေါ်တွင် သက်ရောက်မှုအတိုင်းအတာကို ခန့်မှန်းရန် ခက်ခဲသွားပါကြောင်း၊ မိမိတို့အနေဖြင့် အိန္ဒိယအစိုးရ၏ ပိတ်ပင်မှုကို ဖြေလျှော့မှုရှိ/မရှိကို စောင့်ကြည့်ရန်သာ လိုအပ်ကြောင်း Mr. Chookiat က ဖြည့်စွက်ပြောကြားပါသည်။

အိန္ဒိယနိုင်ငံ ပိတ်ပင်မှု၏ အကျိုးဆက်အဖြစ် ထိုင်းဆန်ပို့ကုန်တွင် သိသိသာသာ သက်ရောက်နိုင်ကြောင်း၊ အထူးသဖြင့် စောင့်ဆိုင်းဆဲဖြစ်သော ဝယ်ယူရေးစာချုပ်များတွင် ဆန်အမျိုးအစားများ၏ ဈေးနှုန်းသတ်မှတ်ရာတွင် ဖြစ်ကြောင်း၊ ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များနှင့် ပြည်တွင်းကုန်သည်များ သည် အိန္ဒိယနိုင်ငံ၏ ဆောင်ရွက်မှုကြောင့် ကမ္ဘာ့ဈေးနှုန်း မြင့်တက်လာနိုင်သည့် မျှော်လင့်ချက်ကြောင့် ဝယ်ယူရေးစာချုပ်များကို ဆုပ်ကိုင်ထားကြမည်ဖြစ်ကြောင်း၊ ကျန်နှစ်ဝက်အတွင်း ထိုင်းဆန်ဈေးကွက်တွင် စိန်ခေါ်မှုများစွာရှိလာနိုင်ကြောင်း Mr. Chookiat က ဆက်လက်ပြောကြားပါသည်။

ထိုင်းနိုင်ငံနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်း၍ အခြားသော နည်းလမ်းများ ရှာဖွေသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံ၏ ဒေသများစွာတွင် ရေခမ်းခြောက်မှုပြဿနာကို ကြုံတွေ့နေရပြီး ယင်းသည် ထိုင်းဆန်၏ အရည်အသွေးကို ကျဆင်းစေနိုင်ကြောင်း၊ ပိတ်ပင်မှုကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ကုစားသွားရန် ပုဂ္ဂလိကကဏ္ဍနှင့် တွေ့ဆုံမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr. Chookiat က ပြောကြားပါသည်။

 

 

Source:www.bangkok post. gov

( စီးပွားရေးသံမှူး၊  ဗန်ကောက်မြို့)

Category: International News