International News

ဒီဇယ်ဆီအတွက် အထောက်အပံ့ပေးမှု (Subsidy) ယခင်အတိုင်းရှိစေရေး ထိုင်းနိုင်ငံ၊ Oil Fuel Fund Office (Offo) ဆောင်ရွက်

Last Updated:

ပြည်တွင်း ဒီဇယ်ဆီဈေးနှုန်း ၃၂ ဘတ်အတိုင်း ရှိစေရေးအတွက် Oil Fuel Fund ကို ဆက်လက် သုံးစွဲရန် အာဏာပိုင်များက ဆုံးဖြတ်လိုက်ကြောင်း၊ ယခင်က ဒီဇယ်အပေါ် အခွန် ၅ ဘတ် ကင်းလွတ် ခွင့် ပေးခြင်းသည် ဇူလိုင်လ ၂၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ကြောင်း Oil Fuel Fund Office (Offo) ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Wisak Watanasap က ပြောကြားလိုက်ပါသည်။

ဇူလိုင်လ ၂၁ ရက်နေ့မှစ၍ မော်တော်ယာဉ်မောင်းနှင်သူများထံမှ ကောက်ခံမည့် အခွန်အတွက် တစ်လီတာလျှင် ၄ ဘတ်ကို Oil Fuel Fund Office (Offo)က ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် စင်ကာပူ၏ Platts ရည်ညွှန်းဈေးနှုန်းအပေါ် မူတည်၍ ဒီဇယ်ဆီ ၁ လီတာလျှင် ၁ ဘတ် နှင့် ၂ ဘတ်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ပေးခြင်းသည် ဒီဇယ်ဈေးနှုန်းကို ၃၂ ဘတ်တွင် ရှိစေရေးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ဒီဇယ်ရည်ညွှန်းဈေး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၀ ထက်မကျော်လွန်နေသမျှ ကာလပတ်လုံး အထောက်အပံ့ပေးသည့် အစီအစဉ်ဖြင့် ထိန်းထားနိုင်မည်ဖြစ်ကြောင်း၊ မီသိုင်း အက်စတာ (methyl ester) မှ ရရှိသော စားအုန်းဆီကို ဒီဇယ်ဆီနှင့် ရောနှောပါက ဘိုင်အိုဒီဇယ် ရရှိနိုင်ပြီး အစိုးရ ၏ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုမှုကို လျော့နည်းစေရုံသာမက နိုင်ငံအတွင်းရှိ စားအုန်းဆီရောင်းအားကိုလည်း အထောက်အကူပြုရာ ရောက်ပါကြောင်း Mr. Wisak က ဆိုပါသည်။

ဒီဇယ် ၁ လီတာလျှင် ၁.၆၅ ဘတ် အထောက်အပံ့ပေးခြင်းသည် နေ့စဉ် ဘတ် ၁၄.၅ သန်းကို Offo ၏ ရန်ပုံငွေက သုံးစွဲရမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဆီဈေးနှုန်း မြင့်တက်မှု၏ သက်ရောက်မှုကို သက်သာစေရန်အတွက် Prayut Chan-o-cha အစိုးရသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍  ဒီဇယ်ခွန်ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း၊ ယင်းကြောင့် အစိုးရအနေဖြင့် အခွန် ဘတ် ၁၅၈ သန်း ဆုံးရှုံးခဲ့ရကြောင်း Mr. Wisak ၏ ပြောကြားချက်အရ သိရှိရပါသည်။

ဆက်လက်၍ Mr. Wisak က Liquefied Petroleum Gas -LPG ဈေးနှုန်းသည် ကမ္ဘာနှင့်အဝှမ်း ကျဆင်းလာပြီးဖြစ်သည့်အတွက် ဘဏ္ဍာရန်ပုံငွေမှ LPG အတွက် အထောက်အပံ့ပေးရန် မလိုအပ်တော့ကြောင်း ပြောကြားပါသည်။

 

 

Source:www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News