Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

   ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်မှ ၁၄ ရက်နေ့အတွင်း ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေး စခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ Aluminium Ingot၊ ပြောင်းနှင့် ဆန်ကွဲများ တင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်းငွေပမာဏမှာ ၅၅၈၆၈၇.၆၄၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ၇ ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏ ၉၉၇၆၉၈.၈၉၀ ကန်ဒေါ်လာ နှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၄၃၉၀၁၁.၂၅ ကန်ဒေါ်လာ တန်ဖိုး လျော့နည်း၍ တင်ပို့မှုရှိခဲ့သည်ကိုတွေ့ရပါသည်။

            သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်မှ ၁၄ ရက်နေ့ အတွင်း ဓါတ်မြေသြဇာများ၊ လယ်ထွန်စက်များ၊ ချည်ထည်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ ဘတ္တရီအခြောက်များ၊ ဓါတုဗေဒချည်ခင် များ၊ သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ကားတာယာ၊ သံပိုက်နှင့် မြက်ခင်းတုများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ၁၂၆၃၀၄၆.၈၁၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ၇ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုး ၁၂၅၇၈၉၂.၄၃၀ ကန်ဒေါ်လာနှင့် ကာလတူတင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၅၁၅၄.၃၈၀ ကန်ဒေါ်လာ တန်ဖိုး ပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။

            တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၇၀၄၃၅၉.၁၇ ကန်ဒေါ်လာတန်ဖိုး လျော့နည်းပြီး ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ တွေ့ရပါ သည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၄၂ ယွမ် ဖြစ်ပြီး၊ ၁ ယွမ် လျှင် မြန်မာကျပ်ငွေ ၂၉၂.၃၉ ကျပ်ရှိကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News