International News

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တွင် ပြည်နယ်၏ အထူးခြားဆုံးစိုက်ပျိုးရေးပို့ကုန် ကျဆင်း

Last Updated:

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တွင် ပြည်နယ်၏ အထူးခြားဆုံး စိုက်ပျိုးရေး ပို့ကုန်ကျဆင်းခြင်းနှင့် ရင်ဆိုင်နေရကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ထုတ် Cool Down အွန်လိုင်းသတင်းတွင် “ Florida Faces Historic Crisis For its most lconic Agricultural Export: An All Time Low Supply” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ဖလော်ရီဒါပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ရာသီအတွင်း လိမ္မော်သီးသေတ္တာ ၁၅.၈ မီလီယံခန့်သာ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန( U.S Department of Agriculture-USDA) ကဇွန်လတွင် ခန့်မှန်းခဲ့ပါကြောင်း၊ ယခုထုတ်လုပ်မှု ပမာဏသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက လိမ္မော်သီးထုတ်လုပ်မှုမှာ ၂၀၀၀ခုနှစ်၊ နှစ်လယ်ပိုင်းမှစ၍ တဖြည်းဖြည်းကျဆင်းလာခဲ့ပါကြောင်း၊ ယခုနှစ်ထုတ်လုပ်မှု ပမာဏာသည် ၁၉၈၂ ခုနှစ်တွင် လိမ္မော်ခြံများပိုးကျခြင်းကြောင့် လျော့နည်းထုတ်လုပ်ခဲ့သည့် ပမာဏနှင့် တူညီပါကြောင်း၊ ထုတ်လုပ်မှုလျော့နည်းခြင်းသည် ဈေးနှုန်းအပေါ် သက်ရောက်မှု ရှိစေပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် လိမ္မော်ရည်တစ်ဂါလံကို အမေရိကန်ဒေါ်လာ (၁၀) အထိ မြင့်တက်ခဲ့ပါကြောင်း၊ ဤသို့ အထွက်နှုန်းနည်းခြင်းမှာ “Citrus greening” သို့မဟုတ် “yellow dragon”ဟုခေါ်သော ရောဂါပိုးကြောင့်ဖြစ်ပြီး ဟာရီကိန်းမုန်တိုင်းနှင့် အအေးဒဏ် တို့ကြောင့် သက်ရောက်မှုရှိပါကြောင်းနှင့် ဖလော်ရီဒါပြည်နယ်ရှိ လိမ္မော်ခြံ(၈၀) ရာခိုင်နှုန်း ခန့်အဆိုပါ ရောဂါပိုးကျရောက်နေသည်ကို တွေ့ရပါကြောင်း၊ အမေရိကန် အောက်လွှတ်တော်မှ အတည်ပြုချက်ရရှိပြီး အထက်လွှတ်တော်၌ စောင့်ဆိုင်းလျက်ရှိသည့် မုန်တိုင်းပြန်လည်ထူထောင်ရေးအကူအညီကို တောင်သူလယ်သမားများက မျှော်လင့်လျက် ရှိပါကြောင်းဖြင့် ဖော်ပြထားပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News