International News

Exxon ကုမ္ပဏီ၏ ဓာတ်ဆီသန့်စင်စက်ရုံ လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီးနောက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ဓာတ်ဆီဈေးနှုန်းအမြင့်ဆုံးသို့ ရောက်ရှိ

Last Updated:

Exxon ကုမ္ပဏီ၏ ဓာတ်ဆီသန့်စင်စက်ရုံ လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီးနောက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာမှ စတင်၍ ဓာတ်ဆီဈေးနှုန်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ထုတ် Seeking Alpha အွန်လိုင်းသတင်းတွင် “Gasoline futures hit highest since October after Exxon refinery outage” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

လူဝီဆီးယားနားပြည်နယ်၊ ဘတ်တန်ရုချ်ရှိExxon Mobil ကုမ္ပဏီ၏ ဓာတ်ဆီသန့်စင် စက်ရုံလျှပ်စစ်ဓာတ်အားပြတ်တောက်ပြီးနောက်ပိုင်းတွင် ဓာတ်ဆီထုတ်လုပ် သည့် gasoline-making catalytic cracker ကို ရက်သတ္တပတ်ပေါင်းများစွာ ပိတ်ထားသည့်နောက်ပိုင်း ယခုတနင်္လာနေ့ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြန်လည်စတင်နိုင်ခဲ့ပါကြောင်း၊ ထိုသို့ဓာတ်အားပြတ်တောက်မှုသည် နွေရာသီခရီးသွးများသည့်အချိန်ဝယ်လိုအားများသည့်ကာလဖြစ်ပြီး အမြတ်အများဆုံးကာလ လည်းဖြစ်ပါကြောင်း၊ ဓာတ်ဆီဈေးနှုန်းများသည် ဧပြီလမှစ၍ နွေရာသီတွင် ဈေးနှုန်းငြိမ်နေခဲ့ သော်လည်း ပြင်းထန်သည့်အပူချိန်များကြောင့် ဈေးနှုန်းအပေါ် သက်ရောက်မှု ရှိလာ နိုင်ပါကြောင်း၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဓာတ်ဆီ(Regular) ဈေးနှုန်းမှာ တစ်ဂါလံကို(၃.၅၅) ဒေါ်လာရှိပြီး ယခင်ရက်သတ္တပတ်ထက်(၂.၁) ဆင့်(cent) တိုးလာခဲ့ပါကြောင်း၊ သို့ရာတွင် ယခင်လနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ၊ ယခင်နှစ်ကာလတူထက် (၀.၇၈) ဒေါ်လာ လျော့နည်းပါကြောင်းဖြင့် ဖော်ပြထားပါသည်။

 

 

 

( စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

 

 

Category: International News