International News

ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန် တင်ပို့မှု ပြန်လည်ကောင်းမွန်လာ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမရှစ်လအတွင်း လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၂၁ ဘီလီယံရရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ သိရှိရပါသည်။

ဤကိန်းဂဏန်းသည် ယခင်နှစ် အလားတူကာလထက် ၉.၅ % ကျဆင်းသွားသော်လည်း အချို့ကဏ္ဍများတွင် တိုးတက်မှုနှုန်းနှေးကွေးပြီး အချို့သောကဏ္ဍများတွင် တိုးတက်မှုအားကောင်း လာခဲ့သည်။

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃ ဒသမ  ၄၅  ဘီလီယံအထိ ၅၇ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အလားတူ ဆန်တင်ပို့မှု တန်ဖိုးသည် ၃၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၇ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ ထို့အပြင် သီဟိုဠ်စေ့နှင့် ကော်ဖီတင်ပို့မှုတန်ဖိုးမှာလည်း မြင့်တက်လာခဲ့ပြီး သီဟိုဠ်စေ့မှ ၈.၉ ရာခိုင်နှုန်း မြင့်တက်လာကာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၃ ဘီလီယံနှင့် ကော်ဖီမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၄ ဘီလီယံအထိ ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ပို့ကုန်များ တိုးလာသည်နှင့်အမျှ ဆန်ဈေးသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၀ အထိရှိပြီး ဇန်နဝါရီလမှ ဩဂုတ်လအတွက် ပျမ်းမျှဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၂ ရှိပြီး ယခင်နှစ်ထက် ၁၁ ဒသမ ၅ ရာခိုင် နှုန်း မြင့်တက်ခဲ့သည်။

ကော်ဖီတစ်တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၄၅၅ ရှိပြီး တရုတ်၊ အမေရိကန်နှင့် ဂျပန်တို့သည် ဗီယက်နမ်ကော်ဖီကို အများဆုံးဝယ်ယူသူဖြစ်သဖြင့် ၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တတိယသုံးလပတ်ကုန်ရန် တစ်လခွဲခန့်သာကျန်ရှိရာ ရှစ်လတာရလဒ်သည် ပို့ကုန်အရှိန်မြှင့်တင်ရန် စိုက်ပျိုးရေးကဏ္ဍအတွက် အခြေခံအုတ်မြစ်ဖြစ်ပါသည်။

အိန္ဒိယက ပုံမှန်ဆန်တင်ပို့ခွင့် ပိတ်ပင်ထားပြီးနောက် ဆန်ဝယ်လိုအား မြင့်မားနေဆဲ ဖြစ်သောကြောင့် ဆန်အတွက် တစ်နှစ်ပြည့် လျာထားချက်မှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံအထိ ရောက်ရှိနေပြီဖြစ်သည်။

ဗီယက်နမ်နိုင်ငံရှိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စသည့် လယ်ယာထွက်ကုန်များမှ ၀င်ငွေသည် ရည်မှန်းထားသည့် အမေရိကန်ဒေါ်လာ ၅ ဘီလီယံနီးပါးရှိပြီး ၂၀၂၃ ခုနှစ် ပထမရှစ်လတာ ကာလအတွင်းသည် ဗီယက်နမ်၏  ဒူးရင်း တင်ပို့မှုသည် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ရှိနေပြီဖြစ်သည်။ ထို့အပြင် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ဒေသအများအပြား၏ အဓိကအသီးဖြစ်သည့် ဗီယက်နမ်အုန်းသီးကို တင်သွင်းရန် အမေရိကန်ပြည်ထောင်စုက မကြာသေးမီက အတည်ပြုခဲ့သည်။ အဆိုပါတိုးတက်မှုများသည် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အပြု သဘောဆောင်သော တိုးတက်မှုနှင့် အခွင့်အလမ်းများကို ညွှန်ပြနေပါသည်။
 

 

Source: NDO

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News