International News

ဗီယက်နမ်အား ၂၀၂၄ နှစ်သစ်ကူးအားလပ်ရက် အပန်းဖြေခရီးထွက်ရန် အကောင်းဆုံး နေရာအဖြစ် ဖော်ပြခံရ

Last Updated:

ဗီယက်နမ်သည် ၂၀၂၄ ခုနှစ် နှစ်သစ်ကူးအားလပ်ရက် အပန်းဖြေခရီးသွားရောက်ရန် အကောင်းဆုံးနေရာ ၅ နေရာမှ တစ်ခုဖြစ်ကြောင်း ဩစတြေးလျနိုင်ငံ၏ The Sydney Morning Herald နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

ဇန်နဝါရီလအတွင်း ဗီယက်နမ်တွင် အေးမြသောလေနှင့်အတူ သာယာလှပသည့်ရာသီဥတုရှိကြောင်း၊ ဗီယက်နမ်သည် “ S ” ပုံသဏ္ဍန်ကမ်းရိုးတန်းရှိပြီး မရေမတွက်နိုင်သော ရင်သပ်ရှုမောဖွယ်ရာသဘာဝရှုခင်းများ၊ ကြွယ်ဝသော သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုများရှိသည့် နိုင်ငံဖြစ် ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

ထို့ပြင် ခရီးသွားဧည့်သည်များအနေဖြင့် “Sea resort paradise” ဟု လူသိများသော ဖူးကွပ် (Phu Quoc) သို့ သွားရောက်လည်ပတ်သင့်ပြီး အခမ်းနားဆုံးသော ကမ်းခြေအပန်းဖြေနေရာများထဲမှ တစ်ခုဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source : Vietnam Economic News  

(ဝင့်နန္ဒာကျော်ကျော်၊စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News