International News

၂၀၂၃ ခုနှစ်အတွင်း ပြည်ပမှ ငွေလွှဲမှု ၃၅ ရာခိုင်နှုန်းတိုးလာ

Last Updated:

ပြည်ပတွင်နေထိုင်သည့် ဗီယက်နမ်လူမျိုးများမှ ဟိုချီမင်းမြို့သို့ ပြည်ပငွေလွှဲပို့မှုများသည် ၂၀၂၃ ခုနှစ်အတွင်း ခန့်မှန်းချေအားဖြင့် ၈.၉၂ ဘီလီယံ ရောက်ရှိခဲ့ပြီး၊ တနှစ်ထက်တနှစ် ၃၅ ရာခိုင်နှုန်းတိုးလာကြောင်း ဗီယက်နမ်နိုင်ငံတော်ဘဏ် (SBV) ဟိုချီမင်းဘဏ်ခွဲရှိ ဒုတိယညွှန်ကြားရေးမှူး Nguyen Duc Lenh ၏ အဆိုအရ သိရှိရပါသည်။

ဟိုချီမင်းမြို့သို့ နိုင်ငံခြားငွေလွှဲမှုများ သိသိသာသာတိုးလာခြင်းသည် ကိုဗစ် ၁၉ ကူးစက်ရောဂါဖြစ်ပွားပြီးနောက် နိုင်ငံတကာနယ်စပ်ထိန်းချုပ်မှုနှင့် ကျန်းမာရေးဆိုင်ရာ မူဝါဒများကို တဖြည်းဖြည်း ဖြေလျှော့ပေးခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားသို့ အလုပ်အကိုင် အခွင့်အလမ်းရှာဖွေသည့် ဗီယက်နမ်နိုင်ငံသား အရေအတွက် တိုးလာကာ ဗီယက်နမ်သို့ ပြန်ပို့သည့် ငွေကြေးပမာဏမြင့်တက်လာခြင်းဖြစ်ကြောင်း Lenh မှ ရှင်းပြခဲ့သည်ဟု ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံတော်ဘဏ် (ဟိုချီမင်းဘဏ်ခွဲ) မှ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှုကြောင့် လာမည့်နှစ်တွင် ငွေလွှဲပို့မှု ၂၀ ရာခိုင်နှုန်း တိုးလာမည်ဟုခန့်မှန်းထားသည်။ သို့သော်လည်းလူမှုစီးပွားရေး၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုများကြောင့် မျှော်မှန်းချက်အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုများရှိနိုင်ကြောင်း ဖော်ပြထားသည်။

Lenh ၏ ပြောကြားချက်အရ မြို့တော်အနေဖြင့် ငွေလွှဲများကို ဆွဲဆောင်အသုံးချနိုင်မည့် အစီအစဉ်တစ်ခု ရေးဆွဲနေကြောင်း၊ ဤအစီအစဉ်တွင် ငွေလွှဲနှုန်း တိုးတက်မှုနှုန်း ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်များတွင် ငွေလွှဲမှတစ်ဆင့် လူမှုပရောဂျက်များသို့ ရန်ပုံငွေပံ့ပိုးပေးရန်နှင့် ဤအစီအစဉ်တွင် ပြည်ပတွင် နေထိုင်အလုပ်လုပ်နေသော ဗီယက်နမ်နိုင်ငံသားများအတွက် သီးခြားရည်မှန်းချက်များ ပါဝင်ကြောင်း သိရှိရသည်။

အဓိကရည်မှန်းချက်မှာ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တစ်နှစ်လျှင် ငွေလွှဲနှုန်း တိုးတက်မှုနှုန်း အနည်းဆုံး ၁၀ ရာခိုင်နှုန်း ရောက်ရှိရန်ဖြစ်ပြီး အဆိုပါ တူညီသော တိုးတက်မှုနှုန်းကို ၂၀၂၅ ခုနှစ်မှ ၂၀၃၀ အထိ ထိန်းသိမ်းနိုင်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

Source: Vietnam plus

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News