International News

ထိုင်းနိုင်ငံ အများပိုင် ကုမ္ပဏီတစ်ခုဖြစ်သော BCPG သည် ၎င်းလုပ်ငန်းများအတွက် ဘဏ္ဍာ ရန်ပုံငွေအဖြစ် ဘတ် ၃၉ ဘီလီယံ လျာထား

Last Updated:

Bangchak Corporation Plc ၏ စွမ်းအင်ထုတ်လုပ်သော လုပ်ငန်းတစ်ခုဖြစ်သည့် BCPG Plc သည် လတ်တလော ဖြစ်ပွားနေသော အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့၏ ဘဏ်ပြဿနာများကြောင့် သက်ရောက်မှုရှိနိုင်သည့် ၎င်း၏ ပြည်တွင်းနှင့် ပြည်ပ လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုတို့အတွက် ဘဏ္ဍာရန်ပုံငွေအဖြစ် ဘတ် ၃၉ ဘီလီယံ လျာထားရန် စီစဉ်လျက်ရှိပါသည်။

ကုမ္ပဏီအနေဖြင့် အမေရိကန်နိုင်ငံရှိ Sikicon Valley Bank နှင့် Signature Bank၊ ဆွစ်ဇာလန် နိုင်ငံရှိ Credit Suisse ဘဏ်များအရှိန်မြင့်တက်လာမှုကြောင့် စွမ်းအင်ကုမ္ပဏီ အချို့ကို ရိုက်ခတ်မှု ရှိမရှိစောင့်ကြည့်လျက်ရှိပါကြောင်း၊ ငွေကြေးပြတ်လပ်မှု ကြုံတွေ့နေရသောလုပ်ငန်းများမှ ပိုင်ဆိုင်မှုများကို ပြန်လည်ရယူရန် အဆင်သင့်ဖြစ်နေပါကြောင်း၊ ယခုနှစ်တွင် ပိုင်ဆိုင်မှုရယူခြင်းအတွက် ဘတ်ငွေ ၂၀ ဘီလီယံပြင် ဆင်ထားပါကြောင်း BCPG ၏ ဥက္ကဋ္ဌဖြစ်သူ Niwat Adirek က ပြောကြားပါသည်။

ဘတ်ဂျက်သည် BCPG စီမံကိန်းအသစ်အတွက် ဖယ်ထားသော စုစုပေါင်း ငွေလုံးငွေရင်း အသုံးစရိတ်၏ ၇၇% ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင် BCPG သည် လေစွမ်းအင် (၁,၅၀၀ မီဂါဝက်ဒ်)၊ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံများ (၂,၃၆၈ မီဂါဝပ်ဒ်)၊ စွမ်းအင်သိုလောင်သည့် စနစ်ပါဝင်သည့် မြေပြင်နေရောင်ခြည်စွမ်းအင်သုံး စက်ရုံများ (၁,၀၀၀ မီဂါဝပ်ဒ်) နှင့် ဇီဝဓာတ်ငွေ့ (၃၅၅ မီဂါဝပ်ဒ်) တို့ ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးသည့် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင် ၅.၂ ဂစ်ဂါဝပ်ဒ် လုပ်ငန်းစဉ်အောက်မှ စွမ်းအင်ထုတ်လုပ်သည့် စီမံချက်များ၏ လေလံပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

စီမံချက်ကို စောင့်ကြည့်နေသော စွမ်းအင်ထိန်းချုပ်ရေးကော်မရှင်က အရည်အချင်း ပြည့်မီသော ကုမ္ပဏီများကို ရွေးချယ်လျက်ရှိပြီး ဧပြီလအစောပိုင်းတွင် လေလံအောင်မြင်သူကို ကြေညာပေးသွားမည်ဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် အစိုးရ၏ ဆယ်စုနှစ်နှစ်ခုအတွင်း လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင် အသုံးပြုသော လောင်စာ ၅၀ ရာခိုင်နှုန်းကို ၂၀၂၂ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်းမှ တိုးမြှင့်သွားမည့် ရည်မှန်းချက်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။  
ယခုနှစ်တွင် BCPG သည် ဂျပန်နိုင်ငံ Chiba ရှိ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံနှစ်ရုံအပါအဝင် ၎င်း၏ ပိုက်လိုင်းတွင် ပရောဂျက်များကို အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိပါသည်။ BCPG သည် စီမံချက်၏ ပထမပိုင်းအဖြစ် ၆၀၀ မီဂါဝပ်ဒ် Monsoon Wind Power စီမံချက်ကို လာအိုနိုင်ငံ တောင်ပိုင်းတွင် စတင်သွားရန် စီစဉ်လျက်ရှိပါသည်။ အဆိုပါ စီမံချက်သည် အာဆီယံတွင် အကြီးဆုံး နယ်စပ်ဖြတ်ကျော် လေစွမ်းအင်စီမံချက်ကြီးဖြစ်ပြီး ၂၀၂၅  ခုနှစ်တွင် စတင်လည်ပတ်ရန် မျှော်မှန်း ထားပါသည်။ ဖိလစ်ပိုင်ရှိ Vasai Island တွင် ၁၃.၂ မီဂါဝပ်ဒ် Nabas 2 လေစွမ်းအင် စီမံချက်ကို စတင်တည်ဆောက်သွားရန် ကုမ္ပဏီအနေဖြင့် စီစဉ်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် စတင်လည်ပတ်ရန် လျာထားပါသည်။


(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkok.com

Category: International News