International News

De-dollarization ဖြစ်စေခြင်းမှာ ပြိုင်ဖက်ငွေကြေးများကြောင့်မဟုတ်ဟု JP Morgan ပြောကြား

Last Updated:

De-dollarization ဖြစ်စေခြင်းမှာ ပြိုင်ဖက်ငွေကြေးများကြောင့်မဟုတ်ဟု JP Morgan က ပြောကြားခဲ့ကြောင်း ၅-၉-၂၀၂၃ ရက်နေ့ Market Insider အွန်လိုင်းသတင်းတွင် “JP Morgan says the biggest risk of de-dollarization isn’t a rival currency – its that the US could lose a key tool it’s fight past economic crisis” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

JP Morgan မှ မဟာဗျူဟာလေ့လာသူများက De-dollarization သည် ထွန်းသစ်စနိုင်ငံများအနေဖြင့် ဒေါ်လာအသုံးပြုမှုကို ရုတ်တရက်ရပ်ဆိုင်းပြီး အခြားငွေကြေးတစ်ခုကို အစားထိုးခြင်း မဟုတ်ဘဲ အနောက်နိုင်ငံများ ကြုံတွေ့ရသည့် De-dollarization ဆိုသည်မှာ ငွေကြေးဖောင်းပွမှုနှင့် ကြွေးမြီပြဿနာကို ရင်ဆိုင်နေရသည့် အန္တရာယ်ဖြစ်သည်ဟု ပြောကြားခဲ့ပါကြောင်း၊ အမေရိကန် ဒေါ်လာ အင်အားကြီး တန်ဖိုးမြင့်စေခြင်း (USD Supremacy) မှာ ကမ္ဘာ့တောင်ခြမ်းနှင့် မြောက်ခြမ်း တို့၏ ကုန်သွယ်မှု၊ အကျိုးအမြတ်နည်းသည့် လုပ်ငန်းများကို ပြည်ပနိုင်ငံများတွင် ရင်းနှီးလုပ်ကိုင် စေခြင်း၊ ကုန်သွယ်မှုပိုငွေကို အမေရိကန်ဒေါ်လာ အဖြစ်ပြောင်းလဲကြခြင်းနှင့် အမေရိကန်နိုင်ငံ၏ စွမ်းအင်လုံခြုံမှုစသည့် အချက်တို့ကြောင့် ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အဆက်အသွယ်ဖြတ်ပြီး ပဋိပက္ခဖြစ်ပွားခြင်းတို့ကြောင့် စွမ်းအင်ဈေးနှုန်း မြင့်တက်လာခြင်း၊ စွမ်းအင် ဈေးနှုန်း မြင့်တက်ခြင်းကြောင့် အန္တရာယ်ဖြစ်စေနိုင်ပြီး ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေကာ ကြွေးမြီဝဲဂယက်တွင် ကျရောက်နိုင်ကြောင်းဖြင့် မဟာဗျူဟာလေ့လာသူများ သတိပေးထားပါ ကြောင်း၊ အမေရိကန်၏ Credit Rating အဆင့်ကို နိုင်ငံများ၏ ကြွေးမြီအဆင့် လေ့လာသတ်မှတ်သည့် Fitch Credit Rating က AAA  မှ AA သို့ လျော့ချသတ်မှတ်ခဲ့ခြင်းသည် အန္တရာယ် ဖြစ်စေနိုင်သည်ဟု သတိပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကာဗွန်ထုတ်လွှတ်မှုများသည့် ကုန်ထုတ်လုပ်မှုနှင့် အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများကို အရှေ့တိုင်းနိုင်ငံများတွင် လုပ်ကိုင်ခြင်းကြောင့် အနောက်နိုင်ငံများအနေဖြင့် Industrially Fragile ဖြစ်ပြီး ငွေကြေးဖောင်းပွမှု ဖြစ်စေသည့် သက်ရောက်မှုများကို အလွယ်တကူဖြစ်နိုင်ပါကြောင်း၊ အနောက်နိုင်ငံများအနေဖြင့် သဘာဝဓာတ်ငွေ့ နှင့်ဈေးပေါသည့် အစားအစားများ မထုတ်လုပ်နိုင်မှုတို့မှာ ယင်းပြဿနာများအတွက် သာဓကများ ဖြစ်ပါကြောင်း၊ အမြစ်တွယ်ပြီးနေသည့် De-dollarization ပြဿနာများအဖြစ် ရေနံဈေးကွက်ရှိ အရောင်းအဝယ်ကို တရုတ်ယွမ်ငွေဖြင့် လွှဲပြောင်းမှုတိုးလာခြင်းဖြစ်သည်ဟု JP Morgan က ထောက်ပြခဲ့ပါကြောင်း၊ JP Morgan မှ ကျွမ်းကျင်သူများက ဒေါ်လာသည် ကမ္ဘာ့ငွေကြေးစနစ်တွင် အများအပြားသုံးနေသည့်အတွက် “marginal de-dollarization” ထက် “partial de-dollarization” ဖြစ်လာနိုင်ပါကြောင်း၊ တရုတ် ကုန်သွယ်ဖက်နိုင်ငံများတွင် ဒေါ်လာနေရာ၌ တရုတ်ယွမ်မင်ဘီကို အစားထိုးသုံးစွဲလာနိုင်ကြောင်းဖြင့် သုံးသပ်ထားပါကြောင်း ဖော်ပြထားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News