International News

BRICS နိုင်ငံများသည် အဖွဲ့ဝင်သစ်များတိုးချဲ့ရန် သဘောတူညီခဲ့ကြ

Last Updated:

BRICS အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုး ပီးယား၊ အီရန်၊ ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံများကို အဖွဲ့ဝင်သစ်များအဖြစ် တိုးချဲ့ဖွဲ့စည်းရန် ဂျိုဟန်နက်စ်ဘာ့ဂ်မြို့၌ ပြုလုပ်ခဲ့သည့် ၎င်းတို့၏ (၁၅) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ(၆)နိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် စတင် အသက်ဝင်မည်ဖြစ်ကြောင်း တောင်အာဖရိကနိုင်ငံသမ္မတ Cyril Ramaphosa က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပြီး BRICS အဖွဲ့ကို တည်ထောင်ရာတွင် အခြားနိုင်ငံများ၏ အကျိုးစီးပွားကို တန်ဖိုးထားကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

BRICS ခေါင်းဆောင်များသည် ဂျိုဟန်နက်စ်ဘတ်မြို့တွင် သြဂုတ်လ (၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ BRICS ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေခြင်းနှင့် အဖွဲ့ဝင်တိုးချဲ့ခြင်းအပါအဝင် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

 

Source: www.chinadaily.com.cn/a/202308/24/WS64e70634a31035260b81e0a3.html

စီးပွားရေးသံမှူး၊နန်နင်းမြို့)

 

Category: International News