International News

အမေရိကန် - တရုတ် ကုန်သွယ်ရေးတင်းမာမှုများလျော့ချရန် သဘောတူညီမှုရရှိ

Last Updated:

အမေရိကန်နှင့်တရုတ်တို့သည် ကုန်သွယ်ရေးတင်းမာမှုများ လျော့ချရန် သဘောတူညီမှုရရှိခဲ့ ကြောင်း ၂၈-၈-၂၀၂၃ ရက်တွင် World Street Journal အွန်လိုင်းသတင်းတွင် “U.S., China Agree on Steps to Ease Trade Tension” ခေါင်းစဉ်ဖြင့် ဖော်ပြထားရှိပါသည်။

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo သည် ၂၇-၈-၂၀၂၃ ရက်နေ့မှစ၍ တရုတ်နိုင်ငံသို့ (၄)ရက်ကြာ ခရီးစဉ်သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်၏ ပထမနေ့တွင် တရုတ်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Mr. Wang Wentao နှင့် (၄) နာရီကြာတွေ့ဆုံခဲ့ပါကြောင်း၊ ထိုသို့တွေ့ဆုံစဉ် အမေရိကန်နှင့်တရုတ်တို့သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်များထူထောင်ရန်၊ အမျိုးသားလုံခြုံရေးမူဝါဒများအပေါ် နားလည်မှုလွဲမှားခြင်းကိုလျှော့ချရန် ပို့ကုန်ထိန်းချုပ်ရေးအစီအမံများကိုဆွေးနွေးမည့် နှစ်နိုင်ငံဖိုရမ်တစ်ခုကျင်းပသွားရန် သဘောတူညီခဲ့ကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo က ပြောကြားခဲ့ပါကြောင်း၊  အမေရိကန်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး Ms. Gina Raimondo နှင့် တရုတ်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး Mr. Wang Wentao တို့ တွေ့ဆုံမှုပြီးနောက် အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (Semiconductor) နှင့် စက်ပစ္စည်းကိရိယာများတင်ပို့မှုကို ကန့်သတ်လိုက်ပြီးနောက် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှု ဆိုင်ရာတင်းမာမှုကို လျှော့ချနိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်-တရုတ်တို့အကြား “ပို့ကုန်ထိန်းချုပ်ရေးဆိုင်ရာ သတင်းအချက်အလက်ဖလှယ်မှု” ဆိုင်ရာ နှစ်နိုင်ငံပထမဆုံးအစည်းအဝေးကို ၂၉-၈-၂၀၂၃ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းသို့ ဖလှယ်ရာတွင် အမေရိကန်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်ရေးအစီအမံများနှင့် ယင်းအစီအမံများ နောက်ကွယ်ရှိ အကောင်အထည်ဖော်လိုသည့် မူဝါဒများနှင့် ကိုက်ညီမှုရှိစေရေး မည်သို့ဆောင်ရွက်ရမည်ကို အမေရိကန်ဘက်မှ ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ ဒရုန်းနှင့် ပတ်သက်သောပစ္စည်းကိရိယာများအပေါ် ကန့်သတ်မှုအသစ်ဖြစ်သည့် ပို့ကုန်ထိန်းချုပ်ရေး အစီအမံ များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပါ ကြောင်း ဖော်ပြထားသည်ကိုတွေ့ရပါသည်။

အမေရိကန်နှင့် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးများသည် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များအတွက် အဖြေရှာနိုင်ရန်အတွက် အစိုးရကိုယ်စားလှယ်များနှင့် စီးပွားရေးကိုယ်စားလှယ်များပါဝင်သည့် လုပ်ငန်းအဖွဲ့တစ်ခုဖွဲ့စည်းရန် သဘောတူညီခဲ့ကြပါကြောင်းနှင့် ယင်း လုပ်ငန်းအဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ အစောပိုင်းမှစ၍ တစ်နှစ်လျှင် (၂) ကြိမ်ခန့် တွေ့ဆုံသွားမည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။ဝန်ကြီး Ms. Gina Raimondo သည် အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် တွေ့ဆုံစဉ် အမျိုးသား လုံခြုံရေးဆိုသည်မှာ အလျော့အတင်းလုပ်၍ မရသည့်ကိစ္စရပ်ဖြစ်ကြောင်း၊ အမေရိကန် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများမှ ထုတ်လုပ်သည့် တစ်ကိုယ်ရေသုံးပစ္စည်များကို တရုတ်ဈေးကွက်သို့ တင်ပို့လိုကြောင်း ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

Category: International News