International News

ဗီယက်နမ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ EV ကားပိုင်ရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀ ထောက်ပံ့ကြေးပေးအပ်ရန် မရှိကြောင်းပြောကြား

Last Updated:

EV ကားပိုင်ဆိုင်ခွင့် အခွင့်အရေးရရှိရန် အမေရိကန်ဒေါ်လာ ၁၀၀၀ ထောက်ပံ့ပေးမည့်ဟူသည့် ပို့ဆောင်ရေးဝန်ကြီး ဌာန၏ အကြံပြုချက်ကို အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးသူများကို ဦးစားပေးရန် လိုအပ်သည်ဟုဆိုကာ ဘဏ္ဍာရေးဝန်ကြီးဌာနက ပယ်ချခဲ့သည်။

အဆိုပါ ထောက်ပံ့ကြေး/မက်လုံးအား အချို့နိုင်ငံများတွင် ပံ့ပိုးကောင်းပံ့ပိုးနိုင်သော်လည်း ဗီယက်နမ်နိုင်ငံအတွက် မသင့်တော်ကြောင်း လူအများ၏ ဝေဖန်မှုဖြစ်ပေါ်နိုင်ပြီး လူ့အဖွဲ့အစည်းမှ ကောင်းမွန်စွာ လက်ခံမည်မဟုတ်ဟုဆို သည်။

ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့်လအတွင်း ပြည်သူများ လျှပ်စစ်ကားများ ဝယ်ယူခြင်းကို တွန်းအားပေးရန် ငွေသားမက်လုံးများပံ့ပိုးရန် တောင်းဆိုခဲ့ပြီး ၎င်းတို့အတွက် မှတ်ပုံတင်ခများကို လျှော့ချခြင်း သို့မဟုတ် ကောက်ခံခြင်းမပြုရန် ထပ်ဆောင်း မက်လုံးပေးရန် အကြံပြုချက်အား တောင်းဆိုခဲ့သည်။

ထို့ပြင် လျှပ်စစ်ကားများကို အသုံးပြုသည့် ပို့ဆောင်ရေးကုမ္ပဏီများအနေဖြင့် အတိုးနည်းသော ချေးငွေများကို ရယူသင့်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက အကြုံပြုထားသည်။ အများသူငှာ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုသည့် လျှပ်စစ်ဘတ်စ်ကားများသည် ပိုမိုမြင့်မားသော ထောက်ပံ့ကြေး ရရှိသင့်သည်ဟုလည်း အကြုံပြုထားသည်။ ဤအစီအစဉ်များသည် ဗီယက်နမ်တွင် လျှပ်စစ်ကားအသုံးပြုမှုကို ပိုမိုမြှင့်တင်ရန်နှင့် ဗီယက်နမ်တွင် ရေရှည် တည်တံ့သော သယ်ယူပို့ဆောင်ရေး ရွေးချယ်ခွင့်များ တိုးတက်စေရန် ရည်ရွယ်ကြောင်း သိရှိပါသည်။

မြို့ပြများတွင် လျှပ်စစ်ကားများအတွက် ဦးစားပေးသော ကားပါကင်နေရာလည်း လိုအပ်ကြောင်း ဖော်ပြထားပြီး စာဖတ်သူ ၄,၉၀၀ ၏ အွန်းလိုင်းစစ်တမ်းတစ်ခုတွင် ၇၄ ရာခိုင်နှုန်းသည် ဒေါ်လာ ၁၀၀၀ ငွေကြေးပံ့ပိုးမှု အဆိုပြုချက်ကို ထောက်ခံကြောင်း တွေ့ရှိခဲ့သည်။

လျှပ်စစ်ကားများအတွက် special consumption tax ၃ ရာခိုင်နှုန်း သာကျသင့်မည်ဖြစ်ပြီး ဓာတ်ဆီကားများမှာ ၁၅ ရာခိုင်နှုန်း အခွန်ကျသင့်မည်ဖြစ်ကြောင်း နှိုင်းယှဉ်ချက်အရ သိရှိရပါသည်။ အဆိုပါနှုန်းထားသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဆက်လက်ရှိနေမည်ဖြစ်သည်။

ပို့ဆောင်ရေး ဝန်ကြီးဌာနက ၎င်းကိုသက်တမ်းတိုးရန် အကြုံပြုထားသော်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ဗီယက်နမ်၏ ကတိကဝတ်များကို ချိုးဖောက်မည်ဟု ညွှန်ပြနေသည့်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနက အဆိုပါအကြံပြုချက်ကို သဘောတူညီခဲ့ခြင်းမရှိပေ။ လျှပ်စစ်ကားပိုင်ဆိုင်ခွင့်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၏ အဆိုပြုချက်ဖြစ်သည့် တန်ဖိုးဖြည့်ခွန်နှင့် မှတ်ပုံခများကို ငါးနှစ်အတွင်း ကောက်ခံခြင်းမပြုရန် အချက်ကိုလည်း ငြင်းပယ်ခဲ့ကြောင်း သိရှိရပါသည်။

 

 

Sources: VN Express International

(ဝင့်နန္ဒာကျော်ကျော်၊စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News