International News

ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာကုန်စည်ပြပွဲသည် ခရီးသွားလုပ်ငန်းတိုးတက်ရန် တွန်းအားပေး

Last Updated:

၁၇ ကြိမ်မြောက်နိုင်ငံတကာခရီးသွားကုန်စည်ပြပွဲ ၂၀၂၃ ကို ဟိုချီမင်းမြို့၌ ‘Connecting, Growth Sustainability’ ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၇ ရက်နေ့မှ ၉ ရက်နေ့ထိကျင်းပခဲ့ကြောင်း ခရီးသွားလာမှုဦးစီးဌာန၏ သတင်းစာရှင်းလင်းပွဲပြောကြားချက်အရ သိရပါသည်။

နှစ်စဉ်ကျင်းပပြုလုပ်သည့် အဆိုပါပြပွဲတွင်ပြခန်းပေါင်း ၄၀၀ ကျော်ပြသခဲ့ပြီး ၎င်းတို့ထဲမှ ၃၀ ရာခိုင်နှုန်းကျော်သည် ယခင်နှစ်က မှတ်တမ်းတင်ထားသည့် ကိန်းဂဏန်းထက် နှစ်ဆတိုးမည့် နိုင်ငံခြားကုမ္ပဏီများဖြစ်ကြောင်း သိရှိရပါ သည်။ အဆိုပါ နိုင်ငံတကာမှ ဝယ်ယူသူ ၁၅၀ ခန့်သည် ပြည်တွင်းပြည်ပခရီးသွားကုမ္ပဏီများကို တိုက်ရိုက်ဆုံတွေ့ရန်ဖြစ်ကြောင်း သိရှိရပါသည်။

ဟိုချီမင်းမြို့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဌာန ဒါရိုက်တာ Nguyen Cam Tu က ဧည့်သည်များအနေဖြင့် ပြပွဲတွင် လက်မှုပညာ၊ ကော်ဖီနှင့် ရိုးရာအနုပညာများကို ခံစားနိုင်သည်ဟုဆိုသည်။ စည်ပင်ခရီးသွားလုပ်ငန်းဌာနမှ ဒုတိယညွှန်ကြားရေးမှူး Le Truong Hian Hoam ၏ အဆိုအရ ITE HCMC 2023 တွင် ဆုံးဖြတ်ချက်ချမှတ်နိုင်သူများနှင့် face to face တွေ့ဆုံနိုင်သည့် အခွင့်အရေးများအပြင် ပိုမိုနက်နက်ရှိုင်းရှိုင်း ကွန်ယက်များ ချိတ်ဆက်နိုင်မည့် ဗီယက်နမ်၏ တစ်ခုတည်းသော ကုန်စည်ပြပွဲဖြစ်ကြောင်းသိရပါသည်။

အထူးသဖြင့် 2D Virtual Booth များသည် ပြည့်စုံသော သတင်းအချက်အလက်များ ပေးနိုင်ရန် ဒီဇိုင်းထုတ်ထားသည့်အတွက် တိုက်ရိုက် chatting ၊ အီးမေးလ်ဆက်သွယ်မှု၊ ချိန်းဆိုမှု အချိန်ဇယားနှင့် ကွန်ယက်ချိတ်ဆက်ခြင်းဆိုင်ရာ အခွင့်အလမ်းများကဲ့သို့ ပြည့်စုံသော သတင်းအချက်အလက်များရရှိစေပြီး နိုင်ငံတကာ ဝယ်လက်များအနေ ဖြင့် ၎င်း၏ မိတ်ဖက်များကို အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

Source : VN Express International

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News