International News

အမေရိကန်နိုင်ငံတွင် အမြဲတမ်းအိမ်ငှားရမ်းနေထိုင်သည့် လူတန်းစားတစ်ရပ်ပေါ်ပေါက်လာ

Last Updated:

အမေရိကန်နိုင်ငံ အိမ်ပိုင်ရှင်များသည် အိမ်ခန်းငှားရမ်းနေထိုင်လာကြပြီး အထူးသဖြင့် ပတ်ဝန်းကျင်ပုံစံအသစ်နှင့် စုဆောင်းမှုပုံစံသစ်များကြောင့် အမြဲတမ်းအိမ်ငှားရမ်းနေထိုင်သည့် လူတန်းစားတစ်ရပ် အဖြစ်ပေါ်ပေါက်လာကြောင်း Wall Street Journal သတင်းစာတွင် ၂၆-၁၂-၂၀၂၃ ရက်နေ့၌ “The Rise of The Forever Renters” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။  

အမေရိကန်နိုင်ငံသား လူဦးရေ (၁,၀၀၀)ခန့်ကို စစ်တမ်းကောက်ယူမေးမြန်းခဲ့သည့်Mr. Michael Basalyga က အိမ်ငှားသူများသည် အိမ်ခန်းငှားရမ်းရာတွင် ဇီမ်ခံအခန်းများကိုသာ ငှားရမ်း နေထိုင်လိုကြသည်ဟု ဖြေကြားခဲ့ကြကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ အခန်းအရေအတွက် သုံးပုံနှစ်ပုံကို ကြိုတင်ငှားရမ်းထားပြီးဖြစ်ကြောင်းနှင့် ငှားရမ်းသူများအနေဖြင့် သလင်းကျောက်နံရံ၊ ၁၂-ပေမြင့်အမိုး၊ အဆင့်မြင့် သံ-သံမဏိနှင့် ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းများအပြင် ယောဂခန်းမ၊ Spa၊ အိမ်မွေးခွေးအတွက်ပန်းခြံနှင့် စားသောက်ဆိုင်များမှတိုက်ရိုက်ပေးသည့် ဝန်ဆောင်မှုစသည်တို့ပါရှိသည့် အခန်းကိုသာ ငှားရမ်းလိုကြကြောင်း၊ အိမ်ပိုင်ရှိသည့်  အမေရိကန်နိုင်ငံသားများနှင့် အိမ်ဝယ်ရန် အစီအစဉ်မရှိသူများသည် အိမ်ငှားနေထိုင်ကြပြီး ၎င်းတို့၏ စုဆောင်းငွေများကို စီမံကိန်း အသစ်များနှင့် လုပ်ငန်းသစ်များတွင် ထည့်ဝင်လာခဲ့ကြကြောင်း၊ နယူးယောက်မြို့ နှင့် ဖီလာဒယ်ဖီးယားမြို့  ပတ်ဝန်းကျင်ရှိ အိမ်များငှားရမ်းခသည် အမေရိကန်ဒေါ်လာ (၁၇၉,၉၀၀) ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

အမေရိကန်နိုင်ငံရှိ လူဦးရေ (၆၄) ရာခိုင်နှုန်းမှာ အိမ်ပိုင်ဆိုင်ကြပြီး တရုတ်နိုင်ငံတွင် အိမ်ပိုင်ဆိုင်သူ (၈၉) ရာခိုင်နှုန်း၊ ဘရာဇီးလ်နိုင်ငံတွင် (၇၂) ရာခိုင်နှုန်း အသီးသီးသည်ဟု Euromonitor လေ့လာမှုတွင် ဖော်ပြထားပါကြောင်း၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီဖြစ်သော GID သည် အမေရိကန်နိုင်ငံတစ်ဝှမ်း ဈေးကွက်ပေါင်း (၃၀) တွင် အိမ်ခန်းပေါင်း (၅၀,၀၀၀) ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ပြီး ၎င်း၏အိမ်ခန်းများတွင် ငှားရမ်းနေထိုင်သူများ၏ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ (၂၀၀,၀၀၀) ရှိကြောင်း၊ ဝင်ငွေနှင့် အိမ်ပိုင်ဆိုင်မှုသည့် ဆက်စပ်မှုမရှိကြောင်း၊ အမေရိကန်ဒေါ်လာ (၁) သန်းဝင်ငွေရှိသည့် အိမ်ငှား အရေအတွက်မှာ ၂၀၂၂ ခုနှစ်တွင် (၄,၄၅၃) သို့ မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လေးဆခန့် မြင့်တက်ခဲ့ပါကြောင်း၊ သန်းကြွယ်သူဌေး (၉၅၆) ဦးသည် အိမ်ငှားရမ်းနေထိုင်သူများ ဖြစ်ကြောင်း၊ အမေရိကန်သန်းခေါင်စာရင်းဗျူရို၏ အချက်အလက်များအရ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ (၂၀၀,၀၀၀) ကျော်ဝင်ငွေရှိသည့် အိမ်ငှားအရေအတွက်သည် ၂၀၁၀ ခုနှစ်မှစ၍ လေးဆခန့် မြင့်တက်လာခဲ့သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News