International News

ဇန်နဝါရီလအတွင်း စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) ၃.၃၇ ရာခိုင်နှုန်း မြင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းအင်းရုံး (GSO) ၏ အဆိုအရ ဗီယက်နမ်နိုင်ငံ၏ ဇန်နဝါရီလ အတွင်း စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) သည် တစ်နှစ်ထက်တစ်နှစ် ၃.၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း သိရှိရပါသည်။

စာရင်းရုံး၏ အစီရင်ခံစာအရ ကိန်းဂဏန်းများသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထက် ၀.၃၁ ရာခိုင်နှုန်း တိုးလာကြောင်း၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအုပ်စုကိုးခု၏ ဈေးနှုန်းများတွင် အတက်အကျရှိနေပြီး ကျန်အုပ်စုနှစ်စုတွင် ကျဆင်းမှုရှိကြောင်း ဖော်ပြထားသည်။

ဇန်နဝါရီလတွင် CPI အမြင့်ဆုံးမြင့်တက်မှုကို ဆေးဝါးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ၏ ဈေးနှုန်းများတွင် ၁.၀၂ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရှိရပြီး ၎င်းသည် စုစုပေါင်း CPI တိုးလာခြင်း၏ ၀.၀၅ ရာခိုင်နှုန်းကို ညွှန်ပြနေပါသည်။ ၎င်းနောက်တွင် အိမ်ရာနှင့် ဆောက်လုပ်ရေးပစ္စည်းများ ၀.၅၆ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ၀.၄၁ ရာခိုင်နှုန်း၊ အခြားကုန်စည်နှင့် ဝန်ဆောင်မှုအုပ်စု ၀.၄ ရာခိုင်နှုန်းနှင့် အစားအသောက်နှင့် အစားအသောက်ဝန်ဆောင်မှု ၀.၂၁ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း တွေ့ရှိရပါသည်။

စျေးနှုန်းကျဆင်းမှု ဖော်ပြနေသည့် အုပ်စုနှစ်စုမှာ စာတိုက်နှင့် ဆက်သွယ်ရေးလုပ်ငန်း (၀.၀၅ %) နှင့် ပညာရေး (၀.၁၂ %) တို့ဖြစ်ကြောင်း သိရှိရပါသည်။

ဇန်နဝါရီလအတွင်း ကမ္ဘာ့ရွှေဈေးသည် လစဉ် ၁.၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ဗီယက်နမ် ပြည်တွင်းရွှေဈေးသည် လစဉ် ၂.၅၅ ရာခိုင်နှုန်းနှင့် တစ်နှစ်ထက်တစ်နှစ် ၁၅.၄၃ % မြင့်တက်ခဲ့သည်။

အထွေထွေစာရင်းရုံး၏ အဆိုအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အခြေခံငွေကြေးဖောင်းပွမှုများအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက ၀.၁၂ ရာခိုင်နှုန်းရှိပြီး ယခင်နှစ် အလားတူကာလထက် ၂.၇၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဖော်ပြထားသည်။

 

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News