Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၂၅-၁-၂၀၂၄ မှ ၂၉-၁-၂၀၂၄ ) အတွင်းဖြစ်ပေါ်ခဲ့သော ကုန်စည်ဈေးနှုန်းများအခြေအနေ

Last Updated:

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မြစ်သားမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၃၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၇၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၂၀၀၊ မြစ်သားသစ်ရှယ် ကျပ် ၃၀၀၀၊ မြစ်သားလတ်ကြီး ကျပ် ၂၈၀၀၊ မြစ်သားလတ်သန့် ကျပ် ၂၅၀၀ နှင့် မြစ်သားလတ်ချော ကျပ် ၂၂၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၀၀၊ မြစ်သားရှယ် ကျပ် ၁၀၀၊ ဈေးကျဆင်းခဲ့ပြီး ဆိပ်ဖြူလတ်သန့် ကျပ် ၁၀၀၊ ဆိပ်ဖြူ လတ်ချော ကျပ် ၁၀၀၊ မြစ်သားလတ်သန့် ကျပ် ၂၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများမှာဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က  ကားစီးရေ ၁၇၅ စီး (၁၀၅၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၇၅ စီး (၁၀၅၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ ကြောင်းသိရသည်။  

ကြက်သွန်ဖြူ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၉၅၀၀၊ အောင်ပန်းထူး-၂  ကျပ် ၁၄၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၅၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၅၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၆၀၀၀ အသီးသီးဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၁၀၀ ဈေးကျဆင်းခဲ့ပြီး အောင်ပန်းထူး-၃ ကျပ် ၂၀၀ဈေးမြင့်တက်ခဲ့သည်။ ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၃၅၀၀ (၁၀၅၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၃၇၀၀ (၁၁၁၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ ၂၀၀ (၆၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။    

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News