International News

၂၀၂၃ ခုနှစ်တွင် ဟိုချီမင်းသို့ ပြည်ပငွေလွှဲမှုသည် ၁၀ နှစ်အတွင်း စံချိန်တင်အမြင့်ဆုံးရောက်ရှိ

Last Updated:

ဟိုချီမင်းမြို့သို့ ပြည်ပငွေလွှဲမှုသည် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၉.၄၆ ဘီလီယံရှိခဲ့ပြီး ၁၀ နှစ်အတွင်း စံချိန်တင်ခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံတော်ဘဏ် (SBV) ၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Mr. Nguyen Duc Lenh၏ ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါ ကိန်းဂဏန်းသည် တစ်နှစ်ထက်တစ်နှစ် ၄၃.၃ ရာခိုင်နှုန်း တိုးမြင့်လာပြီး ဗီယက်နမ်နိုင်ငံသို့ ငွေလွှဲမှုစုစုပေါင်း၏ ထက်ဝက်ကျော်ရှိကြောင်း ဗီယက်နမ်နိုင်ငံ ရုပ်မြင်သံကြား (VTV) သတင်းတွင် ဖော်ပြခဲ့သည်။

ဒေသအလိုက်ငွေလွှဲပို့မှုများအနေဖြင့် အာရှမှငွေလွှဲပေးပို့မှုမှာ ၅၀.၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းနှင့် နှိုင်းယှဉ်ပါက ၁၄၃.၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

တောင်ပိုင်းမြို့သို့ ငွေလွှဲစီးဆင်းမှုသည် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများ များပြားလာမှုနှင့် ဆက်စပ်နေကြောင်း Mr Lenh က ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ၏ တည်ငြိမ်သော မက်ခရိုစီးပွားရေး၊ အခွင့်သာသော ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပတ်ဝန်းကျင်၊ အစိုးရနှင့် ဗီယက်နမ်နိုင်ငံတော်ဘဏ် (SBV) တို့မှ ငွေလွှဲပို့ခြင်းဆိုင်ရာ မူဝါဒများသည် စံချိန်တင်တိုးလာစေရန် အထောက်အကူဖြစ်စေကြောင်း ၎င်းကပြောကြားခဲ့သည်ဟု ဖော်ပြထား သည်။

 

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News