Local News

ပဲကြီးသီးနှံစတင်ထွက်ပေါ်

Last Updated:

ပဲကြီးသီးနှံသည် စားသုံးမှုများသည့်သီးနှံဖြစ်ကာ ပဲကြီးလှော်၊ ပဲခြမ်းကြော်၊ ပဲကြီးနှပ်၊ ပဲကြီးဟင်းချိုအစရှိသဖြင့် အမျိုးမျိုးစားသုံးကြသည့်အတွက် ပဲကြီးစျေးသည်လည်း စျေးကောင်းရ သည့်သီးနှံတွင်ပါဝင်ပါသည်။ ပြည်တွင်းစားသုံးမှု အခိုင်အမာရှိသည့် သီးနှံလည်းဖြစ်ပါသည်။  ယခုအချိန်တွင် ပဲကြီးသီးနှံများ စတင်ပေါ်ထွက်လာပြီဖြစ်ရာ စျေးကွက်ထဲသို့ အနည်းအကျဉ်းဝင်‌ရောက်လာနေပြီး ပဲကြီးအဟောင်းများ လက်ကျန်နည်းသွားပြီ ဖြစ်ပါသည်။

ပဲကြီးစျေးနှုန်းများသည် ယခင်ရက်ပိုင်းတွင် စျေးငြိမ်နေပြီး ယခုရက်ပိုင်းတွင် အသစ်ပေါ်စပြု လာသည့်အတွက် စျေးအနည်းငယ်ကျဆင်းလာသည်။ ယခင်ရက်များတွင် ပဲကြီး ၂၀ ပိသာ (၁)တင်းလျှင် ကျပ်(၁၃၀၀၀၀)စျေးဖြင့် စျေးငြိမ်နေပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ကျပ်(၁၂၈၀၀၀/၁၂၅၀၀၀)စျေးအထိ အနည်းငယ်ကျဆင်းလာသည်။ ယခင်နှစ်ကာလတူ နှိုင်းယှဉ် ပါက ပဲကြီး ၂၀ ပိသာ(၁)တင်းလျှင် ကျပ်(၈၀၀၀၀/၈၅၀၀၀)စျေးဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့အတွက် ပဲကြီး ၂၀ ပိသာ(၁)တင်းလျှင် ကျပ်(၄၅၀၀၀/၅၀၀၀၀)နီးပါး စိုက်ပျိုးသူတောင်သူများအနေဖြင့် စျေးပိုရရှိခဲ့ပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News