International News

ခရီးသွားများအတွက် ဟနွိုင်းရှိအထင်ကရနေရာများသို့ လည်ပတ်ကြည့်ရှုနိုင်မည့် ဘတ်စ်ကား ခရီးစဉ်သစ်ကို စတင်မိတ်ဆက်

Last Updated:

ဟနွိုင်းမြို့တော်၏ ယဉ်ကျေးမှုနှင့် သမိုင်းဝင် အထင်ကရနေရာများနှင့် ဆွဲဆောင်မှုရှိသော နေရာများသို့ လည်ပတ်နိုင်ရန်ရည်ရွယ်၍ ခရီးသွားများအတွက် Hà Nội တွင် ဘတ်စ်ကား ခရီးစဉ်အသစ်ကို စတင်ပြေးဆွဲပြီဖြစ်ကြောင်း Viet Nam News တွင်ဖော်ပြထားသည့် အွန်လိုင်းသတင်းအရ သိရှိရပါ သည်။

Hà Nội Passenger Transport Joint Stock Company မှ စီစဉ်ပြေးဆွဲသည့် ခရီးစဉ်တွင် ခရီးသွားများအား Old Quarter နှင့် West Lake တစ်လျှောက် လှည့်လည်ပြသမည်ဖြစ်ပြီး အဖွင့်ဘတ်စ်ကားများတွင် လူ ၂၀ ဆံ့နိုင်ပြီး ဗီယက်နမ်၊ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်နှင့် ကိုရီးယား ဘာသာစကားငါးမျိုးဖြင့် အသံလမ်းညွှန်များ တပ်ဆင်ထားမည်ဖြစ်သည်။

ခရီးစဉ်ဝန်ဆောင်မှုသည် နံနက် ၉ နာရီမှ ညနေ ၆း၃၀ နာရီဖြစ်ပြီး မိနစ် ၃၀ တိုင်း တစ်စီးပြေးဆွဲသွားမည်ဖြစ်ကြောင်း ၊ အင်္ဂါနေ့မှ စနေနေ့အထိ Hồ Gươm (ဓားရေကန်) မှ စတင်ထွက်ခွာမည်ဖြစ်ပြီး တနင်္ဂနွေနေ့တိုင်း Hà Nội Opera House စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခရီးသွားများသည် Đồng Xuân စျေး၊ Long Biên တံတား၊ Trấn Quốc စေတီ၊ Hydroplane Dock၊ Võng Thị ဘုရားကျောင်း၊ Tảo Sách စေတီ၊ Kim Liên ဘုရား၊ Imperial Citadel၊ စာပေဗိမာန်၊ Hỏa Loo အကျဉ်းထောင်နှင့် Hà Nội Opera House Hồ Chí Minh ဂူဗိမာန် အပါအဝင် လမ်းကြောင်းတစ်လျှောက် ကျော်ကြားသော အထင်ကရနေရာ ၁၃ ခုတွင် လေ့လာနိုင်ကြောင်းနှင့် အဆိုပါနေရာများမှ ခရီးဆက်ရန် နောက်ဘတ်စ်ကားကို စီးနိုင်ကြောင်းလည်း ဖော်ပြထားပါသည်။

လက်မှတ်များကို Đông Kinh Nghĩa Thục Square သို့မဟုတ် Hà Nội Opera House သို့မဟုတ် hncitytour.vn ဝဘ်ဆိုဒ်မှတဆင့် တိုက်ရိုက်ဝယ်ယူနိုင်ကြောင်း။ စျေးနှုန်းများမှာ VND 100,000 မှ 250,000 အထိရှိပြီး အသက်ခြောက်နှစ်အောက် ကလေးများအတွက် အခမဲ့ဖြစ်သည်။

ခရီးစဉ်ကို ပထမဆုံးလာရောက်လည်ပတ်သည့် ခရီးသွားများထဲမှတစ်ဦးဖြစ်သော Bắc Ninh မြောက်ပိုင်းပြည်နယ်မှ Nguyễn Ngọc Tiến သည် အတွေ့အကြုံသစ်ကို သဘောကျပါကြောင်း၊ Hà Nội မြို့ရှိ ကျဉ်းမြောင်းသောလမ်းငယ်များ၊ အထင်ကရနေရာများ ရောက်ရှိသည့်အတွက် စိတ်ဝင်စားစရာ ခရီးစဉ်ဖြစ်ကြောင်းနှင့် အဓိကလမ်းကြီးများ  သွားရောက်သည့် အခြားခရီးစဉ်နှစ်ခုတွင် double deckers များကို အသုံးပြုကြောင်း သိရှိရပါသည်။

 

Source: vietnamnews.vn

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News