International News

အမေရိကန်နိုင်ငံတွင် အလုပ်သမားများ၏ ဝင်ငွေကျဆင်း

Last Updated:

အမေရိကန်နိုင်ငံတွင် အလုပ်သမားများ၏ ဝင်ငွေကျဆင်းလာကြောင်းကို ၁၂-၉-၂၀၂၃ ရက်တွင် World Street Journal အွန်လိုင်းသတင်း၌ “U.S. Incomes Fall For Third Straight Year” ခေါင်းစဉ်ဖြင့် ဖော်ပြ ထားပါသည်။  

အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခဲ့ခြင်းကြောင့် အမေရိကန်မိသားစုများ အနေဖြင့် ၎င်းတို့၏ဝင်ငွေအားလုံးကို စားသုံးစရိတ်အတွက်သုံးစွဲခဲ့ကြရပြီး ယခုကဲ့သို့အခြေအနေကြုံတွေ့ခြင်းသည် ၂၀၂၂ ခုနှစ်တွင် တတိယအကြိမ်ဖြစ်ပါကြောင်း၊ အလယ်အလတ်တန်းစား မိသားစုများ၏ ဝင်ငွေမှာ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၇၆,၃၃၀) ခန့်ရှိခဲ့ရာမှ  ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၇၄,၅၈၀) အောက် (၂.၃ ရာခိုင်နှုန်းခန့်) လျော့ကျခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ နောက်ပိုင်းမှစ၍ အမေရိကန်မိသားစုများအနေဖြင့် စီးပွားရေးကျဆင်းမှုများနှင့် ရင်ဆိုင်ကြရပြီး ကပ်ရောဂါကြောင့် ကုန်သွယ်မှုလမ်းကြောင်းပြတ်တောက်ခြင်း၊ ယူကရိန်းပဋိပက္ခကြောင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်း စသည်တို့ကြောင့် ၂၀၂၃ ခုနှစ် နွေရာသီတွင် နှစ်ပေါင်း (၄၀) အတွင်း ငွေကြေးဖောင်းမှု အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်အတွင်း အလုပ်သမားဈေးကွက်နှင့် ဈေးနှုန်းမြင့်တက်မှု တည်ငြိမ်လာခဲ့သဖြင့် အိမ်ထောင်စုများ၏ ဝယ်လိုအား ပို၍တိုးလာခဲ့ကြောင်း၊ အချိန်ပြည့် အလုပ်သမားတစ်ဦး၏လစာသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ (၃) ရာခိုင်နှုန်းအထိ တိုးလာခဲ့သလို အလုပ်မရှိသူများ အလုပ်အကိုင်ရရှိလာခြင်းကြောင့် အိမ်ထောင်စုများ၏ ဝင်ငွေတိုးလာကြောင်း၊ အမေရိကန်ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းကို (၂၂) နှစ်တာကာလအတွင်း အမြင့်ဆုံးသတ်မှတ်၍ ၂၀၂၃ ခုနှစ် ငွေကြေး ဖောင်းပွမှုနှုန်းကို လျှော့ချခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇွန်လရှိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ (၉.၁) ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် (၃.၂) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပါကြောင်းဖြင့် သိရှိရပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News