Local News

မန္တလေးကုန်စည်ဒိုင်တွင်နှမ်းမျိုးစုံဈေးကွက်ဈေးအေးနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့စက်တင်ဘာလဒုတိယပတ်အတွင်းနှမ်းမျိုးစုံဈေးကွက်ထဲဝင်ရောက်နေပြီးဈေးအေးနေကြောင်းသိရသည်။ဈေးကွက်ထဲကိုနှမ်းအသစ်တွေအဝင်ရှိနေပြီးပြည်ပမှဝယ်ယူမှုအေးသည့်အပြင်၊ရိတ်သိမ်းချိန်မိုးရွာသွန်း မှုကြောင့်အရည်အသွေးပိုင်းအားနည်းသည့်အတွက်နှမ်းဈေးနှုန်းများကျဆင်းသွားကြောင်းမန္တလေးကုန်စည်ဒိုင်ဈေး ကွက်မှသိရသည်။

နှမ်းဖြူ(ရိုးရိုး)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၇၀၀၀၀မှ၃၄၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၇၀၀၀၀မှ၄၀၀၀၀၀၊ယခင်လကျပ်၃၈၅၀၀၀မှ၄၀၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၃၀၀၀၀၊ယခင်လထက်ကျပ်၃၀၀၀၀မှ ၄၅၀၀၀နိမ့်ကျလာသည်။

နှမ်းဖြူ(ဂျပန်)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၆၀၀၀၀မှ၄၇၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၆၀၀၀၀မှ၃၉၅၀၀၀၊ယခင်လကျပ်၄၃၅၀၀၀မှ၄၄၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၇၅၀၀၀မြင့်တက်လာပြီး၊ယခင်လထက်ကျပ်၇၅၀၀၀နိမ့်ကျလာသည်။        

နှမ်းညို၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၀၀၀၀၀မှ၃၀၅၀၀၀၊ယခင်တစ်ပတ်ကျပ်၃၁၀၀၀၀မှ၃၁၅၀၀၀၊ယခင်လကျပ်၃၃၀၀၀၀မှ၃၃၃၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀၀၊ယခင်လထက်ကျပ်၂၈၀၀၀မှ ၃၀၀၀၀နိမ့်ကျလာသည်။

နှမ်းနက်(စမုံ)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၆၀၀၀၀မှ၃၆၀၀၀၀၊ယခင်တစ်ပတ်ကျပ်၂၈၀၀၀၀မှ၃၆၀၀၀၀၊ယခင်လကျပ်၃၁၀၀၀၀မှ၃၈၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀၀၊ယခင်လထက်၂၀၀၀၀မှ ၅၀၀၀၀နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News